အပိုင်း ၆၉

Start from the beginning
                                    

ရှချင်းဟန် ရှရှီပေ လုပ်ရပ်ကြောင့် ဒေါသထွက်လွန်းလို့ နှလုံးတောင် အောင့်တယ်။

ဒါပေမယ့် သူမ ထုတ်ပြလို့မရဘူး ဘာလို့လဲဆိုတော့ သူမမှာ ဂရုစိုက်စရာ ကျောင်းအလှလေးဆိုတဲ့ ဂုဏ်သိက္ခာရှိသေးတယ်!

အကုန်လုံး ခုံမှာ ထိုင်ပြီးတာနဲ့ ဆရာရောက်လာတယ်။

သူမ မေးခွန်းစာရွက်ရပြီဆိုတာနဲ့ ရှရှီပေ ရှချင်းဟန်ကို တည်ငြိမ်သော အပြုံးတစ်ခုပြုံးပြပြီး မေးခွန်းတွေကို စ‌ေဖြတော့တယ်။

ရှချင်းဟန် ထူးဆန်းတဲ့ အပြုံးကြောင့် ကြောင်အအဖြစ်သွားတယ်။

သူမ စိတ်ကသိကအောက်ဖြစ်သွားပြီး စိတ်ရှုပ်သွားတယ်။ သူမနဲ့ ရှရှီပေတို့ကြားမှာ ဘာ အချစ်အမုန်းမှမရှိတာကို ရှရှီပေက သူမကို ဘာလို့ ဒီလိုတွေ ဆက်ဆံနေရတာလဲ?

သူမ(ရှရှီပေ)ကို သူမ(ရှချင်းဟန်)က ကျော်ကြားတာကနေ ဟန့်တားနေမှာဆိုးလို့လား?

ဟ! သူမက အရမ်းဘဝမြင့်တာဘဲ မဟုတ်ဘူးလား?

ရှချင်းဟန် ခေါင်းထဲ တစ်ယောက်တည်း ရေရွတ်နေတယ်။ သူမ ရှရှီပေကို ကြည့်တဲ့ အကြည့်ထဲမှာ ထေ့ငေါ့တဲ့ပုံစံ အနည်းငယ်ပါနေတယ်။

ရှရှီပေက ကြည့်ကောင်းတယ်ဆိုတာမှန်ပေမယ့် ဆယ်လီတစ်ယောက် ဖြစ်ဖို့တော့မလွယ်ဘူး။

အရည်အချင်းနဲ့ အစွမ်းအစမရှိရင် ရုပ်ရည်တစ်ခုတည်းနဲ့ ‌‌ေရရှည်သွားနိုင်မှာမဟုတ်ဘူး။

ဖန်တွေ ဘယ်လောက်ဘဲ သက်ညှာပါစေ သူတို့ရဲ့ အိုင်ဒေါက စဉ်းစားဉာဏ်မရှိတဲ့သူဆိုတာသိရင် သူတို့ အပတ်တကုပ်ကြိုးစားနေတော့မှာ မဟုတ်ဘူး။

ဖျော်ဖြေရေးလောကမှာ အလှလေးတွေ အများကြီးရှိတာလည်း မမေ့နဲ့ဦး။ ရှရှီပေတစ်ယောက်တည်းနဲ့ ဘာမှ ဖြစ်မသွားဘူး။

ဒါ့အပြင်ကို ရှရှီပေ နောက်ခံနဲ့ သူမမှာ ဘယ်လိုလုပ် အရည်အချင်းတွေ ရှိမှာလဲ?

ရှရှီပေက သူမကိုယ် သူမ ထောက်ပံ့ဖို့ အချိန်ပိုင်း အလုပ်တွေ လုပ်ရတယ်ဆိုပြီးတောင် သူမကြားသေးတယ်။ သူမ သာမန် ရလဒ်တောင် ရနိုင်မှာ မဟုတ်ဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now