အပိုင်း ၆၇

Start from the beginning
                                    

ဖြေဆိုသူတွေက မေးခွန်းတွေ ဖြေဆိုနေချိန်ကင်မရာကို ဖွင့်ထားရမှာဖြစ်တယ်။ သို့မှသာ သူတို့ရဲ့ တကယ့် ရုပ်သွင်ကို သိနိုင်မှာဖြစ်တယ်။

ဒီအဆင့်ကို သူတို့ ကျော်ဖြတ်ပြီးသွားရင် သူတို့ ပရိုဂရမ်အဖွဲ့ကို ဝင်ရမှာဖြစ်ပြီး ရှိူးထုတ်လွှင့်တဲ့နေရာမှာ ပါဝင်ရမည်ဖြစ်တယ်။

ပထမအဆင့်မှာ ဖြေဆိုသူတွေက သောင်းနဲ့ချီရှိပေမယ့် ပရိုဂရမ်ကို လိုက်ဗ်လွှင့်တဲ့ အချိန်မှာတော့ ရာဂဏန်းလောက်ဘဲ ကျန်ရစ်မယ်ဖြစ်တယ်။

နှစ်ဆင့်ပြီးသွားရင် ဖြေဆိုသူ ဆယ်ဂဏန်းလောက်ဘဲ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်။

သူတို့ကြားက ယှဉ်ပြိုင်မှုတွေက အင်မတန် ပြင်းထန်ကြတယ်။

အဲ့တာအပြင်ကို ပထမဆုံးမေးခွန်းတွေက လေးခုထဲက တစ်ခုကို ရွေးရတဲ့ ရွေးဖြေမေးခွန်းဖြစ်တာကြောင့် အဖြေမှန်ကို ရွေးတဲ့အခါ မှန်နိုင်ဖို့က ရာခိုင်နှုန်းမြင့်တယ်။ ကံကောင်းတဲ့ ဖြေဆိုသူတွေက မေးခွန်း အကုန်လုံးကို ဖြေဆိုနိုင်ပြီး ‌အဆင့်တွေကို ချောချောမွေ့မွေ့နဲ့ ကျော်ဖြတ်နိုင်မယ်။

ဒါပေမယ့် ဖိုင်နယ်ရောက်ရင်တော့ ဖြေဆိုသူတွေက အဖြေကို ဖြည့်ရမယ့် မေးခွန်းတွေ ပါလာလိမ့်မယ်။

အရင်တုန်းက ရှချင်းဟန်က ဖိုင်နယ်ထိ ရောက်အောင် တက်နိုင်တဲ့ ဖြေဆိုသူ ဆယ်‌ေယာက်ထဲက တစ်ယောက်ဖြစ်ပေမယ့် သူမက အစကတည်းက ဖြုတ်ချခံခဲ့ရတယ်။

အဲ့တာတောင် သူမက အတန်းရှင်းရအောင် လုပ်နိုင်ခဲ့သေးတာ။ ဘာလို့လဲဆိုတော့ သူမက ဖြေဆိုသူတွေကြားထဲမှာ အလှဆုံးမလို့ဘဲ။

သူမ တရားဝင်ပွဲဦးထွက်ကြတော့ သူမအဖွဲ့က အဲ့ကလစ်တွေကို ဖြတ်တောက်ပြီး ပြန်တင်ကြတော့ သူမရဲ့ ရုပ်သွင်ကို ဉာဏ်ကောင်းတဲ့ နတ်ဘုရားမ အဖြစ် ဖန်တီးပေးနိုင်ခဲ့တယ်။

သူမတွေးမိတော့ ရှရှီပေ နှုတ်ခမ်းပေါ်က အပြုံးက ပိုကျယ်လာပြီး သူမလက်ချောင်းတွေက စခရင်ပေါ်ကိုဘဲ အလုပ်ပေးထားခဲ့တယ်။

သူမအတွက် တစ်ခါကြည့်ရုံနဲ့တင် စခရင်ပေါ်က မေးခွန်းတွေနဲ့ ရွေးဖြေတွေကို ရှင်းရှင်းလင်းလင်း ဖြေဆိုနိုင်တယ်။ ပြီးနောက် သူမ သေသေချာ‌ချာ မစဉ်းစားဘဲနဲ့ ရွေးဖြေတစ်ခုကို ဖြေလိုက်တယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now