အပိုင်း ၆၄

Start from the beginning
                                    

"မလိုဘူး ကိုယ် မင်းတို့ နှစ်ယောက်လုံးကို ပြန်ပို့ပေးမယ်" ချောင်ရန်ကျွယ်ပြောလိုက်တယ်။

သူ ဒီနေ့ ဒီကို လာတာက ရှရှီပေကို ဆေးခန်းကို ခေါ်သွားမလို့ဘဲ။

"ရတယ် ကျွန်မတို့မှာ ကားပါတယ်!"

ရှရှီပေ ချောင်ရန်ကျွယ်နဲ့ အတူတူ တ‌စ်နေရာထဲ ဘယ်လိုလုပ်နေရဲတော့မှာလဲ? စုန့်ကျားရန် အခုလိုပြောလိုက်ပြီးတဲ့နောက် တော်တော် ရှက်စရာကောင်းတာဘဲ။

"မစ္စ ကျွန်တော်နဲ့ သွားရမှာ လမ်းတူနေတာဘဲ ကျွန်တော်တို့ တူတူသွားကြတာပေါ့"

ရုတ်တရက် ချောင်ရန်ကျွယ် စုန့်ကျားရန်ကို ပြုံးပြလိုက်တယ်။

စုန့်ကျားရန် ရုတ်တရက် မျက်လုံးပြူးသွားတယ်။ သူက ဆွဲဆောင်မှုတအားရှိတာဘဲ!

သူက အရုပ်ရှည် ချောမောပြီး ယဉ်ကျေးကာ ကြော့ရှင်းတယ် အပြင်က မင်းသားတွေထက်တောင် အများကြီး ဆွဲဆောင်မှုရှိသေး!

အဲ့အချိန် စုန့်ကျားရန် ယန်ရွှမ်ရှိတယ်ဆိုတာတောင် မေ့သွားတယ်။

___သူတို့နှစ်ယောက်က ယှဉ်ရလောက်တဲ့အထိ လယ်ဗယ်တစ်ခုတည်းမဟုတ်ဘူး!

"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ! တူတူသွားကြတာပေါ့!" စုန့်ကျားရန် မျက်လုံးတွေက တလက်လက်တောက်ပနေတယ်။

သူမက ချောင်ရန်ကျွယ်အပေါ် ခံစားချက်ရှိနေတာမဟုတ်ဘူး။ ဒီလို ချောမောတဲ့ ယောက်ျားလေးနဲ့ တစ်ကားထဲ အတူရှိနေရတာကိုက ကောင်းချီးတစ်ခုဘဲ!

သူမ စုန့်ကျားရန် တွေဝေတုံ့ဆိုင်းမနေဘဲ အလျှော့ပေးလိုက်တာကို ကြည့်ပြီး ရှရှီပေ နှုတ်ခမ်းတွေက ခံပြင်းပြီး တွန့်သွားတယ်။ သူမကို ပါးလေးတစ်ချက်လောက် ရိုက်ရရင် ကောင်းသား!

ချောင်ရန်ကျွယ်က အရမ်းချောပေမယ့်လည်း သူက အဆိပ်ပြင်းတယ်။

စုန့်ကျားရန် ဦးနှောက်လောက်နဲ့ သူ သူမကို ရောင်းစားသွားရင်တောင် သူ့အမြတ်ကို သူမက ကူတွက်ချင် တွက်ပေးနေဦးမှာ!

စုန့်ကျားရန် ရှရှီပေ ဘာတွေးနေမှန်းမသိပေမယ့် သူမကို မျှော်လင့်တကြီး ကြည့်လိုက်တယ်။ "နင်တို့ တစ်‌ေယာက်နဲ့ တစ်ယောက် သိနေတာဘဲ တူတူသွားကြတာပေါ့!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now