အပိုင်း ၆၂

Start from the beginning
                                    

ယန်ရွှမ် ရုတ်တရက်ပေါ်လာတဲ့ ရှရှီပေကို ရှော့ရပြီး ကြည့်လိုက်တယ်။ သူ ခုလေးတင်ထွက်သွားတဲ့ လူတွေကို တွေးကြည့်မိပြီး မျက်လုံးပြူးသွားတယ်။

"အဲ့တာ နင်လား?!"

အရင်တုန်းက အတိုင်းသာဆို သူ ရှရှီပေကို သံသယဝင်မှာ မဟုတ်ဘူး။ သူမဆီက ရိုက်ခံရတာ နှစ်ခါရှိပြီးတဲ့နောက်မှာတော့ သူမ ဘာလဲဆိုတာ သူက ဘယ်လိုလုပ်မသိနိုင်ရမှာလဲ?

သူမအားနဲ့ ဆိုရင် အဲ့လူတွေကို ဒီပြန်လာအောင် ပြန်ရိုက်လွှတ်လိုက်လို့ရတယ်။

ယန်ရွှမ် မုန်းတီးမှုတို့ဖြင့် အံကြိတ်လိုက်တယ်။ သူ့ရဲ့ အစီအစဉ်က ရှရှီပေကြောင့် ပျက်စီးသွားမယ်လို့ မထင်ထားမိဘူး!

"ပေပေ"

စုန့်ကျားရန် အသိစိတ်ပြန်ဝင်လာပြီး သူမရဲ့ တောင့်တင်းနေတဲ့ ခန္ဓာကိုယ်လည်း ပြေလျော့သွားတယ်။

အနိုင်ကျင့်ခံရသလိုလို ဝမ်းနည်းသလိုလို ခံစားရပြီး သူမ ရှရှီပေကို ဖက်လိုက်တယ်။

သူမ ဘယ်လိုလုပ် ဝမ်းမနည်းရမှာလဲ? ယန်ရွှမ်က သူမ ပထမဆုံး ကြိုက်ခဲ့တဲ့ လူသား! ဒါပေမယ့် သူက ဒါကြီးကို သူမအပေါ် လုပ်ရက်တယ်! သူက စက်ဆုပ်စရာကောင်းလိုက်တာ!

"အဆင်ပြေသွားပြီ ဝမ်းနည်းမနေနဲ့တော့"

ရှရှီပေ စုန့်ကျားရန် ကျောကိုပုတ်ပေးပြီး နှစ်သိမ့်လိုက်တယ်။ "အခု ငါတို့ ဒီလူယုတ်မာရဲ့ မျက်နှာအစစ်ကို မြင်လိုက်ရပြီဘဲ ငါတို့ကို အရူးလုပ်လို့မရတော့ပါဘူး"

"မင်းဘဲ!" ယန်ရွှမ် ရှရှီပေကို ဒေါသတကြီးဖြင့် လက်ညှိုးထိုးပြီး စွပ်စွဲလိုက်တယ်။ "မင်း ဒီလူတွေကို ရှာခဲ့တာ! မင်းက ဒီပြဿနာအားလုံးရဲ့ တရားခံဘဲ"

စုန့်ကျားရန် တစ်ဖန် ဒေါသထွက်လာပြီး အော်လိုက်တယ်။ "နင်ဘာလို့ ခုထိ လိမ်နေရသေးတာလဲ?!"

သူက အခု ဘယ်လိုလုပ် ရှရှီပေကို အပြစ်လွှဲချရတာလဲ?! သူတော်တော် အရှက်မရှိတာဘဲ!

ယန်ရွှမ် ကိုယ့်သိက္ခာကို လေးစားပေမယ့် သူ ပိုက်ဆံကို ပိုပြီးလိုချင်တယ်! သူ စုန့်ကျားရန် သူ့အနားကနေ ထွက်သွားတာကို မလိုချင်ဘူး။ မဟုတ်ရင် သူဒါတွေ လုပ်တာ ဘာအကျိုးရှိတော့မှာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now