မူလကောင်းကင်ဂိုဏ်း၌ သူနှင့်အသက်အရွယ်တူပြီး ကျင့်ကြံဆင့်မှာ ရွှေတန်အဆင့်သို့ရောက်နေရုံသာမက စိတ်ဝိညာဉ်အခြေတည်စအဆင့်မှလူများနှင့်ပင် တိုက်ခိုက်နိုင်သော လူငယ်လေးတစ်ယောက်ရှိသည်ဟု သူကြားထားသည်မှာ ကြာပြီဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ချင်းချန်က ဂိုဏ်းပြိုင်ပွဲများ၌ သူနှင့်မတွေ့ခဲ့ရပေ။

ချင်းယွင်က သူ့အား စိတ်မဝင်စားဟန်ဖြင့်ကြည့်လိုက်သည်။ သူက ယှဉ်ပြိုင်တတ်သည့်အသက်အရွယ်အား ကျော်လွန်လာသည်မှာ ကြာပြီဖြစ်ပြီး ဤကမ္ဘာတွင် သူနှင့်ယှဉ်နိုင်သူတစ်ယောက်ကိုမှ မတွေ့ပေ။

မင်းရန်က ချင်းယွင်၏စိတ်ထဲ၌ ရယ်နေသည်။ "ဒီကလေးက ရယ်ရတယ်။ မင်းကလေးအရွယ်တုန်းကလည်း သူ့အတိုင်းပဲ။ တခြားလူတွေနဲ့ ပထမနေရာလုဖို့လေ၊ ကိုယ့်အခြေအနေကိုယ် လစ်လျူရှုပြီး မိုင်တစ်ထောင်လောက် မြင်းစီးခဲ့တာ။"

ထိုယောက်ျား၏စကားများက ချင်းယွင်၏မျက်နှာပေါ်၌  ရှက်သွေးဖြန်းသွားစေသည်။ ယင်းဖြစ်ရပ်သည် သူအလွန်တက်ကြွဖူးသော အကြိမ်အနည်းငယ်ထဲမှ တစ်ခုပင်။ သို့သော် ယခုအခါတွင် ဤကလေးက လူမှားရှာမိသည်။

ချင်းယွင်၏ ခန္ဓာကိုယ်က ရိပ်ခနဲရွေ့သွားကာ ချင်းချန်၏တားဆီးမှုကို လွယ်လွယ်ကူကူဖောက်ထွက်သွားသည်။ ချင်းချန်၏မျက်လုံးများထဲမှ သတိက သူပျောက်ကွယ်သွားသောကြောင့် ပိုပြင်းထန်လာသော်လည်း ချင်းယွင်၏ ဘာအစအနကိုမှ သူရှာမတွေ့တော့ချေ။

ချင်းယွင်က ဤလျှို့ဝှက်တိမ်တောင်ကြား၌ ရေထဲရောက်နေသော ငါးကဲ့သို့ပင်။ မြက်ပင်များ၊ သစ်ပင်များ တစ်ပင်ချင်းစီကို သူကိုယ်တိုင်ဂရုတစိုက်စီစဉ်ခဲ့ပြီး လျှို့ဝှက်တိမ်တောင်ကြား၏ အပြင်စည်းမှ အတွင်းစည်းသို့ရောက်ရန်အတွက် မျက်တောင်တစ်ခတ်မျှသောအချိန်သာလိုသည်။

အတွင်းပိုင်းသို့ရောက်သည်နှင့် ချင်းယွင်က အလေးအမြတ်ကျင့်ကြံသူဂိုဏ်းမှပေးသော ဖြတ်ပိုင်းကို လွှင့်ပစ်လိုက်သည်။ ဧရာမအဖူးတစ်ခုက ချက်ချင်းပွင့်အာလာကာ ချင်းယွင်လွှင့်ပစ်လိုက်သော ဖြတ်ပိုင်းအား တည်ငြိမ်စွာ ဖမ်းယူ၍ ဂရုတစိုက်ထိန်းသိမ်းထားလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ