ထိုအဖိုးကြီးက သူ၏ဝတ်ရုံလက်အားလွဲယမ်းလိုက်သောအခါ လေပြင်းတစ်ချက် ချက်ချင်းတိုက်ခတ်လာသည်။ အခြေတည်ခါစပင်ရှိသေးသော မူလကောင်းကင်ဂိုဏ်းသားများမှာ ချက်ချင်းဖြူဖျော့သွားကာ သူတို့အပေါ်မှ မှော်လက်နက်ပေါ်၌ ထိုင်နေသော အဂ္ဂိရတ်ဂိုဏ်းအကြီးအကဲကို မကျေမချမ်းကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဓားချီစွမ်းအင်က အဂ္ဂိရတ်ဂိုဏ်းအကြီးအကဲ၏ချီစွမ်းအင်ကို တိုက်ရိုက်ပြိုကွဲသွားစေသည်။ မပျောက်ကွယ်သေးစဉ်တွင် ဓားချီစွမ်းအင်က အဂ္ဂိရတ်ဂိုဏ်းအကြီးအကဲ၏မှော်လက်နက် အစွန်းကိုထိသွားသည်။ အဂ္ဂိရတ်ဂိုဏ်း၏အကြီးအကဲ ဖြူဖျော့သွားကာ ဓားချီစွမ်းအင်ထွက်ပေါ်လာရာသို့ ကြည့်မိလိုက်သည်။

"အကြီးအကဲတွေကို ဒုက္ခပေးစရာမလိုပါဘူး။ မူလကောင်းကင်ဂိုဏ်းရဲ့ တပည့်တွေကို လျှို့ဝှက်တိမ်တောင်ကြားဆီခေါ်သွားဖို့အတွက် ကျင့်ကြံသူမိုကျန်းက ယွင်ချင်းကိုတာဝန်ပေးထားပါတယ်။" ကြည်လင်သော အေးစက်စက်အသံက ဓားချီစွမ်းအင်နှင့်အတူထွက်လာပြီး မူလကောင်းကင်ဂိုဏ်းမှ တပည့်များ၏မျက်လုံးများအား တောက်ပသွားစေသည်။"

"အဲ့ဒါ ဂိုဏ်းတူအစ်ကိုကြီးယွင်ပဲ။"

ညင်သာသောဓားချီက အောက်တွင်စောင့်နေသော မူလကောင်းကင်ဂိုဏ်းသားများအား အစိမ်းရောင်အတောင်ရှိသည့် တိမ်သိမ်းငှက်ကြီး၏ကျောပေါ်သို့ ပို့လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်ရုံဖြင့်ပုံရိပ်တစ်ခုက သားရဲကောင်၏ကျောပေါ်သို့ ခိုင်မာစွာဆင်းသက်လာကာ ဒူးထောက်ချ၍ထိုင်လိုက်သည်။

အစိမ်းရောင်အတောင်နှင့် တိမ်သိမ်းငှက်က ထွက်ခွာရန်အမိန့်ပေးခံရပြီး မကြာခင်တွင် အဂ္ဂိရတ်ဂိုဏ်း၏မှော်လက်နက်အား နောက်၌ချန်ခဲ့သည်။

သူ၏ချီစွမ်းအင်အား ဖြိုခွဲပစ်ရုံသာမက သူ့အားလစ်လျူပင်ရှုသွားသော အရှေ့မှတစ်ယောက်အားကြည့်ကာ အဂ္ဂိရတ်ဂိုဏ်းမှအကြီးအကဲမှာ ဒေါသထွက်လာသော်လည်း ထိုကိစ္စနှင့်ပက်သက်၍ ဘာမှမလုပ်နိုင်ပေ။

မူလကောင်းကင်ဂိုဏ်းမှ ပါရမီရှင်တပည့်ယွင်ချင်းက ရွှေတန်အဆင့်သို့ လျင်လျင်မြန်မြန် တက်ရောက်သွားနိုင်ရုံသာမက သူ့ထက်အဆင့်မြင််သူများနှင့်ပင် တိုက်ခိုက်နိုင်သည်ဟု သူကြားဖူးသည်။ သေချာသည်။ ရွှေတန်အဆင့်၏အလယ်၌သာရှိသေးသော ဤလူငယ်က သူ၏အင်အားကြီးသောချီစွမ်းအင်ကို လွယ်လွယ်ကူကူချိုးဖျက်နိုင်ခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now