အန်ဒရီယာက ပြိုင်ပွဲစည်းမျဉ်းများကို လေးနက်သောအမူအရာဖြင့် ပြောပြီးသည်နှင့် ခေါင်းညှိတ်ကာ ပြိုင်ပွဲစရန်အချက်ပြလိုက်သည်။

ချက်ချင်းပင် ရွှေ့ပြောင်းရေးစက်များ တစ်ပြိုင်နက်ပွင့်လာသည်။ နောက်တစက္ကန့်တွင် ပြိုင်ပွဲဝင်အားလုံးက တောအုပ်ထဲသို့ ကျပန်းအပို့ခံလိုက်ရသည်။

ပြိုင်ပွဲစသည်ကို တွေ့သောအခါ အန်ဒရီယာက ပြိုင်ပွဲကွင်းပြင်မှ  မြန်မြန်ထွက်လာသည်။ သူက လုပ်ဖော်ကိုင်ဖက်များကို သတင်းပေးကာ တာဝန်စလွှဲပေးလိုက်သည်။ "g4312 နဂါးငွေ့တန်းကနေ မူမမှန် စွမ်းအင်အတက်အကျ သတင်းရောက်လာပါတယ်။ အမိန့်အရ တပ်ဖွဲ့တစ်က g4312 နဂါးငွေ့တန်းဆီ သွားရောက်စုံစမ်းရပါမယ်။ အရှင်ဧကရာဇ်ရဲ့ ဆက်နွယ်သူရွေးချယ်ပွဲမှာ လုံခြုံရေးတာဝန်ယူရမဲ့ ကျွန်တော့်အစား ကျေးဇူးပြု၍ဆက်လက်တာဝန်ယူပေးပါ။"

တစ်ဖက်က အတည်ပြုနေသကဲ့သို့ ခေတ္တငြိမ်သွားပြီး အတော်ကြာသောအခါမှ တစ်စုံတစ်ယောက်က အန်ဒရီယာကို ပြန်ပြောသည်။ "စိတ်မပူပါနဲ့ ဗိုလ်ချုပ်ကြီး။ မြောက်ပိုင်းတောအုပ်ဆီကို တစ်ယောက်လွှတ်လိုက်ပါပြီ။"

အန်ဒရီယာက စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ အချိန်အချို့ ထပ်ကြာပြီးနောက် ယှဉ်ပြိုင်သူများက တောအုပ်အတွင်းပိုင်းသို့ ဝင်သွားသောအခါ 3S အဆင့်ရှိ အနီရောင်တောက်တောက်အမြီးနှင့်မြွေ နိုးထလာလိမ့်မည်။ ထိုအချိန်တွင် မတော်တဆ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်လာမည်မှာ သေချာပေါက်ပင်။ အန်ဒရီယာက ဤတာဝန်ကြောင့် အစွန်းထင်း ကျန်ရစ်ခံမည်မဟုတ်ပေ။

ဖေးလ်အတွက်မူ သူအကာအကွယ်များ ပြုလုပ်ပေးပြီးပြီဖြစ်ပြီး ဤရက်များတွင် ဖေးလ်ကံကောင်းရန်သာ ဆုတောင်းပေးရမည်။

*****

အတော်မူးနောက်သွားပြီးနောက် ချင်းယွင် မျက်လုံးဖွင့်လိုက်သောအခါ တောအုပ်ထဲသို့ အပို့ခံလိုက်ရပြီဖြစ်ကြောင်း သိသွားသည်။ သူ၏အပေါ်တွင် ကင်မရာအသေးတစ်ခု လိုက်နေပြီး သူ၏လှုပ်ရှားမှုအားလုံးကို ကြယ်ကွန်ယက်ပေါ်တွင် တိုက်ရိုက်ပြသနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now