"ဟင့်အင်း၊ ကျွန်တော် အဲ့လောက်ကြာကြာမစောင့်နိုင်ဘူး။ ကျွန်တော်လိုချင်တာက နောက်သုံးရက်ကျရင်ကျင်းပမဲ့ ဆက်နွယ်သူရွေးချယ်ပွဲမှာ ဒီအမာရွတ်ကိုသတိထားမခံရဖို့ပဲ။" ဖေးလ်က သူ့မျက်နှာမှ ချွေးများကို ပွတ်သုတ်ကာ နောက်ကျောကိုအမူအရာမဲ့စွာ လှည့်ကြည့်လိုက်သည်။

"အခုဖုံးကွယ်ထားတာက အဲ့နေ့အထိခံလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ဆိုရင် မင်း အထူးဆေးရည်အချို့ကို ရှောင်ရလိမ့်မယ်။" ဆရာဝန်က မထွက်သွားခင်တွင် ညွှန်ကြားချက်နှစ်ခုထပ်ပေးသွားသည်။

ဤအချိန်တွင် သူနာပြုတစ်ယောက်က ပန်းစည်းတစ်စည်းနှင့် လက်ဆောင်တစ်ဘူးကို ယူလာသည်။ "သခင်လေးဖေးလ်ရှင့်၊ ဗိုလ်ချုပ်ကြီးအန်ဒရီယာက လက်ဆောင်ပို့လိုက်ပါတယ်။"

ဖေးလ်က လက်ဆောင်ဘူးကို ပြုံးရွှင်သောမျက်နှာဖြင့် ချက်ချင်းယူလိုက်သည်။ သူလက်ဆောင်ဘူးကို ဖွင့်လိုက်သောအခါ အမည်းရောင်လက်ကောက်တစ်ကွင်းကို တွေ့လိုက်ရသည်။

ဤလက်ကောက်က အတော်လေးပြီး အထူးသတ္ထုအမျိုးအစားဖြင့် ပြုလုပ်ထားပုံပင်။ ဖေးလ် ၎င်းကို ကိုင်လိုက်ချိန်တွင် ကိုယ်ပိုင်စက်ကိရိယာက လက်ကောက်ပေါ်မှ မူမမှန်သော သံလိုက်စက်ကွင်းအား သတိပြုမိသည်။

လက်ကောက်၏အောက်တွင် ကတ်တစ်ကတ်ရှိပြီး ရွေးချယ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စဉ်တွင် ဤလက်ကောက်ကို ဝတ်ထားရန်နှင့် ၎င်းကကံကောင်းစေမည်ဖြစ်ကြောင်း ရေးထားသည်။

သူ့ချစ်သူထံမှ လက်ဆောင်ကို ဖေးလ်ဘာကြောင့် ငြင်းဆန်ရမည်နည်း။ သူက လက်ကောက်ကို ချက်ချင်းဝတ်ဆင်လိုက်ကာ အန်ဒရီယာအား လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း စာတိုပို့လိုက်သည်။

*****

အန်ဒရီယာက အိမ်ပြန်ရောက်နေပြီဖြစ်သည်။ သူက ဖေးလ်ပို့လိုက်သော စာတိုကို တွေ့သောအခါ နှုတ်ခမ်းဖျားများမှာ ထိန်းမရအောင် ကော့တက်သွားသည်။

သူက ဆက်နွယ်သူရွေးချယ်ပွဲအတွက် အရှင်သခင်၏အကြေးခွံကို နန်းတော်ထံ သွားယူရမည့်တာဝန်အား မိမိဆန္ဒအရလုပ်ဆောင်ပေးခဲ့သည်။ ဤသည်က အန်ဒရီယာ ယခင်က တွေးထားသကဲ့သို့ ပါဝင်သူများ၏နေရာအား စီစဉ်ရမည့် အလုပ်နှင့်ခြားနားသော်လည်း သူလှုပ်ရှားဆောင်ရွက်ရန် အခန်းကဏ္ဍပိုရလာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now