အပိုင်း ၄၈

Start from the beginning
                                    

ထောင်ယွယ်ယင်း သဘောတူလိုက်ပြီး အလိုက်အထိုက်မေးလိုက်တယ်။ "ဝန်ထုပ်ဝန်ပိုး? ဘာကိုဆိုလိုတာလဲ?"

"အကြိုက်မခံရ အချစ်မခံရပေါ့ဟယ် ရီဆိုင်ကယ်လုပ်ဖို့ အမှိုက်ပုံးထဲကို အမှိုက်လို ပစ်ခံရတော့မယ့်အထိဘဲဟေ့!" လျိုကျီကျင်း ယုတ်မာတဲ့အပြုံးနဲ့ ဂုဏ်ဖော်ပြီး ဆိုလိုက်တယ်။

"တကယ်? အမှိုက်လို?"

"ဟုတ်တာပေါ့! သူမက ဂြိုလ်ဆိုးလို ဆက်ဆံခံခဲ့ရတာ! သူမမိဘတွေက သူမကြောင့် ကွာရှင်းခဲ့ကြတာ!"

"ဝိုး ဂြိုလ်ဆိုး?!" ထောင်ယွယ်ယင်း မီးလောင်လာလေပင့်ပြီး လျိုကျီကျင်းကို ရှရှီပေအကြောင်း အသေးစိတ်ပြောပြရန် လမ်းကြောင်းပေးနေတယ်။

"ဟုတ်တယ် မဟုတ်ရင် သူမမိဘတွေ ကွာရှင်းခဲ့မှာ မဟုတ်ဘူး! သူတို့ကွာရှင်းပြီးတော့ ဘယ်သူကမှ သူမကို မလိုချင်ကြဘူး....."

လျိုကျီကျင်းနဲ့ ထောင်ယွယ်ယင်းတို့က ရှရှီပေကို ကြည့်ပြီး သူမကို အမှိုက်ကဲ့သို့ သဘောထားကာ အပြန်အလှန်ပြောဆိုနေကြတယ်။

ရှချင်းဟန်ရဲ့ နှလုံးက သူတို့ပြောတဲ့ စကားတွေကြားပြီး မာနတွေပြန်တက်လာတယ်။ ရှရှီပေက ‌ဖန်းယန်ဆီက အနှစ်သက်ခံရရင်တောင် သူမနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? သူတို့က အလွှာအများကြီး ခြားတယ်။

သူမမိဘတွေက သူမကို ရွံမုန်းတယ်။ သူမက ဂြိုလ်ဆိုးလို့ ဆက်ဆံခံရတယ်.....သူမဘယ်လိုလုပ် စတားလုပ်ရဲတာလဲ?!

"နင်-!"

စုန့်ကျားရန် သူတို့စကားတွေကြောင့် ဒေါသထွက်လာတယ်။

ဒီ‌လူတွေ ဘာကြောင့် ဒီလောက် အရှက်မရှိရတာလဲ!

ရှရှီပေလို အပြစ်ကင်းတဲ့ကလေး‌ေလးက ကွာရှင်းတဲ့ ကိစ္စလိုမျိုးကို ဘယ်လို ထိန်းချုပ်နိုင်မှာ မလို့လဲ?

စုန့်ကျားရန် ရှရှီပေ ဘဝအခြေအနေကို ဒီနေ့ဒီ‌အချိန်ထိ မသိခဲ့ဘူး။ ဒါပေမယ့် သူမ သူမ(ရှရှီပေ) အတွက် စိတ်မကောင်းဖြစ်ရတယ်။

သူမမပြောခင် ရှရှီပေက သူမကို တားလိုက်တယ်။

သူမ ရှရှီပေကို ပြန်ကြည့်လိုက်ပြီး အနည်းငယ်တုန်ယင်နေတယ်။ ရှရှီပေ အကြည့်က တည်ငြိမ်နေတယ်။ ဒါပေမယ့် လူတွေကို အတွင်းထဲမှာအေးစက်စေတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now