အပိုင်း ၄၇

Comenzar desde el principio
                                    

"နင်-!"

စုန့်ကျားရန် လျိုကျီကျင်းကို တကယ် ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ။

ကျောင်းမှာ ပျံ့နေတဲ့ စုန့်ကျားရန်ရဲ့ သတင်းတွေကို တွေးပြီး လျိုကျီကျင်း သူမနဲ့ မျက်နှာချင်းဆိုင် ရန်မဖြစ်ရဲဘူး။ ဒီကောင်မလေး ရူးမသွားဘူးဆိုတာ ဘယ်သူပြောနိုင်မှာလဲ?

"ဟက်! အချို့လူတွေက ရူးကိုရူးတာပါ သူတို့ကိုယ် သစ်ရွက်စိမ်းဖြစ်မှန်းမသိဖြစ်နေတာကို မသိဘူး!" လျိုကျီကျင်း သူများရဲ့ အရှုံးကို မရတာကြောင့် ဒေါသတကြီး ပြောလိုက်တယ်။

ရှရှီပေက လှပြီးသား။ စုန့်ကျားရန် သူမနားမှာ ရပ်လိုက်တော့ ကွာခြားမှုက တော်တော်ကြီးတယ်။

"နင့်ကိုယ်နင် ကွန်ဖီးဒန့်တွေ တအားရှိနေတာလား?" ရှရှီပေ သူမကို အထက်အောက် အပြန်ပြန် အလှန်လှန်ကြည့်ပြီး နောက်ဆုံးတော့ ပြောလိုက်တယ်။ "နင်တို့ နှစ်ယောက်က သစ်ရွက်စိမ်းတွေ သစ်ရွက်စိမ်းတွေမှ အမှတ်တွေနဲ့လေ ဒီလို စကားတွေ ပြောဖို့ နင့်မှာ ဘယ်က သတ္တိတွေ ရှိလာတာလဲ?"

လျိုကျီကျင်း အဲ့ဒီစကားတွေ ကြတော့ မျက်နှာ အမူအရာ ပြောင်းသွားတယ်။

အမှတ်တွေနဲ့ သစ်ရွက်စိမ်း? သူမ တကယ် ရုပ်ဆိုးနေလို့လား?!

ရှချင်းဟန် အပြုံးကလည်း တောင့်တင်းသွားတယ်။

လျိုကျီကျင်းက သာမန်ရုပ်ရည်ဘဲ ရှိတာ။ သူမ စုန့်ကျားရန်ကို သာတာဆိုလို့ အရမ်းပိန်တာဘဲ ရှိတယ်။

ဒါပေမယ့် သူမ ဘယ်လောက်ဘဲ ပိန်ပိန်ပါ ရှချင်းဟန်နဲ့ ယှဉ်ရပ်လိုက်ရင် သူမက သစ်ရွက်စိမ်းသာသာဘဲ။

"အချို့ မိန်းကလေးတွေက စိတ်ကူးကောင်းတွေ ရှိတာဘဲ သူတို့ကိုယ် သူတို့ ပိုကြည့်ကောင်းအောင် သစ်ရွက်စိမ်းတွေတောင် ရှာတတ်သား" ရှရှီပေ ရှချင်းဟန်ကို ကြည့်ပြီး ထောင်ယွယ်ယင်းကိုပါ ရန်ပွဲထဲ ဆွဲထည့်လိုက်သေးတယ်။

ရှချင်းဟန် အပြုံးတွေ ပျောက်သွားတယ် "ဟေး ကျောင်းသူ ငါနင့်ကို ရန်စမိလို့လား?"

ရှရှီပေ ပုခုံးတွန့်ပြပြီး အပြစ်မရှိသလို ပြုံးလိုက်တယ် "ဘာလဲ ငါပြောတာမှားလို့လား?"

ရက်စက်သောနတ်ဘုရားမDonde viven las historias. Descúbrelo ahora