သူက ဂီတလောကမှ နုတ်ထွက်ချင်ပြီး တယောတီးခြင်းကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း ပြောထားသည်။

ဤဖော်ပြချက်ထွက်လာသည်နှင့် ထိုဖြစ်ရပ်က အဖေရှန်ထင်ထားသကဲ့သို့ မငြိမ်သက်သွားဘဲ ခဲတစ်လုံးထဲဖြင့် လှိုင်းထောင်ပေါင်းများစွာ ပွက်လာစေသည်။

အဘယ့်ကြောင့်ဆိုသော် ကျော်ကြားသောတယောပညာရှင် ရိုဆဖ်မှ  ရှန်ချန်ယွီသည် ထိုလက်ရာ၏တကယ့်ပိုင်ရှင်ဖြစ်ကြောင်းကို လွန်ခဲ့သောမိနစ်အနည်းငယ်ကပင် မရှင်းမလင်းစာတိုတစ်ခု မျှဝေခဲ့သည်။

သတင်းအချက်အလက်က ဂီတကျောင်း၏ ပါမောက္ခအိုကြီးထံမှ လာခြင်းပင်။ ထိုပါမောက္ခက နိုင်ငံတကာတွင် ဂုဏ်သတင်းကြီးသော်လည်း တရုတ်မှလူများမှာ သူ့နာမည်ကိုသာသိပြီး သူနှင့် အနီးကပ်ဆက်သွယ်မှုမရှိပေ။

မည်သို့ပင်ဖြစ်စေကာမူ ထိုပါမောက္ခက အလွန်ထူးချွန်သော ဂီတပညာရှင်ဖြစ်ပြီး ကျော်ကြားသောတယောပညာရှင်နှစ်ယောက်ဖြစ်သည့် ရိုဆဖ်နှင့် တူရစ်တို့အား သင်ကြားပေးခဲ့ကြောင်းကို လူတိုင်းသိသည်။ သူအသက်ကြီးလာသောအခါ ဂီတသီအိုရီများအား လေ့လာသည့်ဘက်သို့ လှည့်သွားပြီး ရေပန်းစားမှုလျော့သွားသည်။ သို့ရာတွင် မကြာသေးမီကပင် သူကဂီတကျောင်း၏ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ငှားရမ်းခံရပြီး နိုင်ငံထဲ၌ တစ်လမျှနေခဲ့သည်။

ဤပါမောက္ခ၏ စကားများက လုံးဝဩဇာညောင်းသော်လည်း အပူရှိန်ကင်းမဲ့နေသဖြင့် ရိုဆဖ်ထံမှ ပြန်မျှဝေခံရမှသာ လူထု၏အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဤပါမောက္ခ၏ ကိုယ်ပိုင်စာမျက်နှာပေါ်၌ ပုံတစ်ခုအရင်တင်ထားသည်။ ၎င်းက သီချင်းရေးစာအုပ်ထဲမှ အကြမ်းပတမ်း ဆွဲဖြဲခံထားရပြီး သတင်းဘုတ်ပေါ်၌ သနားစဖွယ် အတင်ခံထားရသည့် မပြီးမစီး တေးသွားစာရွက်ရွက်၏ပုံဖြစ်သည်။

နောက်ခံအရ ၎င်းသည် ဂီတကျောင်းမှ ဇာတ်ရုံ၏ရှေ့ရှိ သတင်းဘုတ်ဖြစ်လောက်သည်။ ထို့အပြင် သတင်းဘုတ်ပေါ်ရှိမှန်ပေါ်တွင် မသိလိုက်မသိဘာသာဖြင့် ပြုံးနေသည့် ကျောင်းသားအချို့၏အရိပ်များက ထူးထူးခြားခြား ကြည်လင်နေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now