"မင်း ကိုယ့်အနား မလာသင့်ဘူးဆိုတာ သိရဲ့လား။ ကိုယ်က အန္တရာယ်များတယ်။ ကိုယ်ဘယ်တော့ စိတ်လွတ်သွားမလဲ ကိုယ်မသိဘူး။ ကိုယ်သာ မင်းကို နာကျင်စေမိရင်..." ဝေ့ချန်းရှုက ချင်းယွင်အား စိတ်ရှည်စွာရှင်းပြနေသည်။ သို့သော် သူ့ရင်ခွင်အား ဖြေလျှော့လိုက်ရန် မလိုလားချေ။

"ကျွန်တော် မကြောက်ဘူး။" ချင်းယွင်က ခပ်ပေါ့ပေါ့ ရယ်လိုက်သည်။ ထို့နောက် လက်ဆန့်လိုက်ကာ ထိုယောက်ျား၏ လည်ပင်းအား ဖက်၍ အားနည်းနည်းစိုက်ပြီး ဆွဲချလိုက်သည်။ ထိုယောက်ျားနှင့် နှဖူးချင်းထိထားပြီး စိတ်ဝိညာဉ်မှ ဒဏ်ရာအားဂရုတစိုက်စစ်ဆေးလိုက်သည်။

ဤဘဝ၌ ထိုယောက်ျား အလွန်တောင့်ခံနိုင်မည်ဟု ချင်းယွင်မမျှော်လင့်ထားပေ။ သူ နည်းလမ်းများပြောင်းကာ ၎င်းအား နေ့တိုင်းစနောက်နေသော်လည်း ထိုယောက်ျားက ခုခံနေဆဲပင်။ သူနှင့် နီးကပ်လိုသည့် ဆန္ဒအား ထိန်းချုပ်ထားရပုံပေါ်သော်လည်း နှစ်ယောက်သားကြားမှ မျက်နှာပြင်ကို ဖယ်ရှားရန် မလိုလားပေ။

ဝေ့ချန်းရှု၏ ယနေ့အခြေအနေက သိပ်မကောင်းသဖြင့် ချင်းယွင် ၎င်း၏ဒဏ်ရာများအား အနီးကပ်ကြည့်ရန် တွယ်တက်ခဲ့ခြင်းပင်။

ထိုယောက်ျား၏ စိတ်ဝိညာဉ်မှ ဒဏ်ရာက ယခင်ကမ္ဘာကနှင့်ယှဉ်လျှင် ပိုမဆိုးသွားသည်ကို ခံစားမိမှသာ ချင်းယွင်အနည်းငယ် စိတ်သက်သာရာရသွားသည်။

သို့သော် ကောင်လေး၏ ပွတ်သီးပွတ်သပ်လှုပ်ရှားမှုကြောင့် ဝေ့ချန်းရှု၏ ခန္ဓာကိုယ်ကြီး တောင့်သွားသည်။ ဆယ်ကျော်သက်ကောင်လေးနှင့်ထိတွေ့နေသော အရေပြားက ပူလောင်လာပြီး အသက်ရှူသံများ ပြင်းလာသည်။

ကောင်လေး၏ ပွင့်လင်းကာ ချစ်စရာကောင်းသော အပြုအမူများကို နေ့တိုင်းကြည့်ရင်း သူမည်မျှသည်းခံခဲ့ရသည်ကို ဘုရားသိသည်။ သူက အနားမကပ်နိုင်ပေ။ သို့သော် ကောင်လေးက သူ့အား စနောက်ရသည်ကို အလွန် နှစ်သက်သည်။ အကြိမ်တိုင်းတွင် ထိုကောင်လေးက အစွမ်းကုန်စနောက်ပြီးမှ လက်လျှော့သွားလေ့ရှိသည်။

ဝေ့ချန်းရှု၏ ကိုယ်ကာယပိုင်းဆိုင်ရာ တုန့်ပြန်မှုကို ချက်ချင်းသတိထားမိသွားသော ချင်းယွင်က ခပ်ကျယ်ကျယ်ရယ်လိုက်သည်။ ဘဝတိုင်းတွင် ဤယောက်ျား၏ စိတ်ထဲ၌ အပြာရောင်အညစ်အကြေးများဖြင့် ပြည့်နေရာ မည်သို့ ရုတ်တရက် တည်ကြည်လေးနက်သွားမည်နည်း။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now