အပိုင်း ၄၂

Start from the beginning
                                    

ရှရှီပေ ဒရိုင်ဘာရဲ့ အကြည့်ကို ဂရုစိုက်မနေဘူး သူ့ကို ဟယ်လိုနှုတ်ဆက်ပြီး ပြုံးကာ ပြောလိုက်တယ်"အန်ကယ် သမီး ရေချိုးကန် ဝယ်ဖို့မေ့သွားတယ် သမီးတို့ ကျုံးဟုန် လမ်းကို သွားလို့ရလား?"

ကျုံးဟုန်လမ်းနေရာက ဈေးဝယ်လို့ကောင်းတဲ့နေရာ စီးပွားရေးလုပ်တဲ့နေရာနဲ့ နီးပြီးတော့ ရေချိုးကန်လိုမျိူး အကုန်အစုံရှိတယ်

"ရေချိုးကန်ကို ဘာလို့ ဝယ်မှာလဲ?" စုန့်ကျားရန် မေးလိုက်တယ်

"ရေချိုးဖို့ပေါ့!" ရှရှီပေ ပြန်ပြောလိုက်တယ် "စိတ်မပူပါနဲ့ နင့်ကို ဒီနေ့ဘဲ ရလဒ်မြင်ရအောင် ငါ လုပ်ပေးနိုင်ပါတယ်"

ဒရိုင်ဘာက သူတို့ နှစ်ယောက်ကိုကြည့်ပြီး တုန့်ဆိုင်းနေပေမယ့် ဘာမှမပြောဖို့ ဆုံးဖြတ်လိုက်တယ်

မကြာခင်မှာဘဲ ကားက ကျုံးဟုန်လမ်းအပြင်ဘက် ကားဝင်လို့ မရတဲ့နေရာမှာ ရပ်လိုက်တယ်

အပြင်ကို ထွက်ပြီးတော့ ရှရှီပေ စုန့်ကျားရန်ကို ရေချိုးကန်ရောင်းတဲ့နေရာကို ခေါ်သွားတယ်

သူတို့ လမ်းလျှောက်နေတုန်းမှာဘဲ ရှရှီပေ ရုတ်တရက်ရပ်လိုက်ပြီး သူတို့ အရှေ့ကို ကြည့်လိုက်တယ်

စုန့်ကျားရန် သူမရပ်လိုက်တာကို မြင်တော့ သူမကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်တယ် သူမ မိန်းကလေးသုံးယောက်ကို တွေ့လိုက်တယ် သူတို့ထဲက တစ်ယောက်ကို အလွန်ရင်းနှီးလွန်းနေတယ်

"ဟေး အဲ့ဒါ ငါတို့ကျောင်းရဲ့ အလှဘုရင်မ ရှချင်းဟန်မလား?"

စုန့်ကျားရန် မလှပပြီး လူအများနဲ့ တည့်အောင် မပေါင်းတတ်ပေမယ့်လည်း သူမတောင် ရှချင်းဟန်ဘယ်သူဆိုတာ သိတယ်

ပြောရရင် အဲ့ကောင်မလေးက သူတို့ကျောင်းရဲ့ ကျော်ကြားတဲ့ အလှဘုရင်မဘဲ

သူမက ကြည့်ကောင်းပြီး ခန္ဓာကိုယ်လှတယ် အဆင့်အတန်းမြင့်မားတဲ့ နောက်ခံမိသားစုရှိတယ် ထိပ်တန်းကျောင်းမှာတက်ရောက်နေပြီး ကျန်းမာကြံ့ခိုင်နေတယ် အဲ့တာ အားလုံးနဲ့ နူးညံ့တဲ့စိတ်ထားနဲ့ပေါင်းလိုက်ရင် သူမကို အမြဲတမ်း ပိုးပမ်းနေတဲ့ သူတွေရှိတယ် သူမက ယောက်ျားလေး‌ေတာ်‌ေတာ်များများကြားထဲမှာ နတ်ဘုရားမဘဲ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now