*****

ချင်းယွင်၏ အလှည့်ရောက်လာပြီဖြစ်သည်။ သူ့တူရိယာအား ယူကာ စင်မြင့်ပေါ်သို့ ခိုင်မာသောခြေလှမ်းများဖြင့် တက်လာသည်။

နိုင်ငံတကာဂီတပွဲတော် ကျင်းပရာနေရာက အကျော်ကြားဆုံး မြို့တော်အော်ပရာဇာတ်ရုံ၌ ဖြစ်ပြီး ရှန်ချန်ယွီက ထိုသို့ကြီးမားခမ်းနားသော စင်ပေါ်သို့ ရောက်ဖူးသည်မှာ အတော်ကြာနေလေပြီ။ ဟင်းလင်းပြင်ထဲ၌ ဖျော်ဖြေခဲ့စဉ်က ပျော်နေတတ်သော ဤကောင်လေးသည် မည်သို့စိုးရိမ်ပူပန်ရမည်ကို မသိရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင် ဘိုးတံကိုကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က စက်ရုပ်ကဲ့သို့အလိုအလျောက် တောင့်တင်းသွားလိမ့်မည်။ ချင်းယွင်ကူးပြောင်းလာသောအခါတွင်ပင် ဤခန္ဓာကိုယ်၏ တုန်ယင်မှုကို ခံစားရသည်။

လူတိုင်းက ရှန်ချန်ယွီ၏ စက်ကဲ့သို့တီးခတ်မှုကို ဝေဖန်နေကြသော်လည်း တယောမှအသံများကို သူညာဘက်နားဖြင့် မည်မျှ ခက်ခက်ခဲခဲ ဖမ်းကာ၊ အမှားမလုပ်မိစေရန်အတွက် သူ့ကိုယ်သူမည်မျှ ကြိုးစားထိန်းချုပ်နေရသည်ကို မည်သူမှမသိပေ။

သို့သော် ထိုသို့အခက်အခဲများ ရင်ဆိုင်နေရလျှင်ပင် ဤလူငယ်ကတယောအား အလွန်မြတ်နိုးသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက သူ့ဘဝမှတစ်ခုတည်းသော အလင်းရောင်ဖြစ်ပြီး သူ၏အပူအပင်မရှိသောကလေးဘဝနှင့် တစ်ခုတည်းသော ဆက်သွယ်ချက်ဖြစ်သည်။

အစီအစဉ်မှူး၏ တက်ကြွသောအသံထွက်လာသည်။ "အခုဆိုရင်တော့ ဆယ့်နှစ်ယောက်မြောက်ပြိုင်ပွဲဝင်ဖြစ်တဲ့ ရှန်ချန်ယွီက ခရူတဖ်ရဲ့ 'စီးဆင်းနေသောရေ' ကို ဖျော်ဖြေမှာဖြစ်ပါတယ်။"

ထို့နောက် အစီအစဉ်မှူးက သတိမထားမိလောက်အောင် ခေတ္တတန့်သွားသည်။ ဆယ့်နှစ်ယောက်မြောက်ပြိုင်ပွဲဝင်က 'စီးဆင်းနေသောရေ' ရဲ့ ဘယ်အပိုဒ်ကို တီးပြမယ်ဆိုတာ သူ့ကတ်မှာဘာလို့မပါတာလဲ။

သူတစ်ပုဒ်လုံးတီးမှာတော့ မဟုတ်လောက်ပါဘူးနော်။

အိုး၊ ဒီမာနကြီးကြီးငတိကို ဘုရားသခင်ကောင်းချီးပေးပါစေ။ အောက်မှစာရင်းသွင်းသူက သတိလက်လွတ်ဖြင့် အမှားလုပ်မိသည်ဟုတွေးကာ အစီအစဉ်မှူး ပုခုံးတွန့်မိသည်။ ထိုသို့မဟုတ်လျှင် တစ်စုံတစ်ယောက်က 'စီးဆင်းနေသောရေ' ၏ ဒုတိယပိုဒ်ကို ဤပဏာမရွေးချယ်ပွဲ၌ စိန်ခေါ်ရဲမည်ဟု သူမယုံပေ။ သတိမထားမိပါက ၎င်းသည် အမှားကြီးကြီးဖြစ်သွားလိမ့်မည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now