🌳Twenty - One🌳

Start from the beginning
                                    

ဘောမ်ဂယူက ပြောလည်းပြော အနားကိုလည်း ခပ်သွက်သွက်‌ ပြေးလာတော့သည်။ ထယ်ဟွန်းနား ရောက်သည်နှင့် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပြီး

"လူက လူမမာပုံစံဖြစ်နေပြီးတော့ ဘာလို့ ထွက်သွားတာလဲလို့"

ပြောပြောဆိုဆိုနဲ့ ထယ်ဟွန်းလက်‌မောင်းကို တစ်ချက် ရိုက်လိုက်တော့ ထယ်ဟွန်းကိုယ်လုံးလေးမှာ တွန့်ခနဲ တစ်ချက်ဖြစ်သွားသည်။

"အာ့ နာတယ်၊ ဘာလို့ရိုက်တာလဲ"

"အချိုးမပြေလို့လေ"

"မင်းက အစ်ကိုယောင်းကို သွားခေါ်ဖို့အရေး ဟိုလုပ်ဒီလုပ်နဲ့ဆိုတော့ စိတ်မရှည်လို့ ထွက်လာတာ"

"ဟိုလုပ်ဒီလုပ် လုပ်နေတာမဟုတ်ဘူး၊ နေ ဒီလောက်ပူနေတာကို ထီးဖြစ်ဖြစ် ယူရမှာပေါ့၊ အစ်ကိုယောင်းက မောနေမှာမို့ ရေလည်းယူဖို့ပြင်နေတာ အရူးကောင်ရဲ့၊ အခုတော့ မင်းကြောင့် အကုန်မေ့ကျန်ခဲ့ပြီ"

ဘောမ်ဂယူစကားအဆုံး ထယ်ဟွန်းဘာမှပြန်မပြောတော့ဘဲ သက်ပြင်းတစ်ချက်ချကာ တစ်ဖက်သို့ လှည့်သွားတော့သည်။

မျက်စိရှေ့မှာ ရန်ဖြစ်နေသော နှစ်ယောက်ကို ထယ်ယောင်းခေါင်းတခါခါနဲ့ ကြည့်ကာ ပြုံးမိသည်။ တစ်ပတ်အတွင်း နှစ်ယောက်သား တော်တော် ရင်းနှီးလာကြတာပဲ။

ထယ်ယောင်း ထိုင်ရာမှ ထလိုက်ကာ လက်ထဲက ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး

"နောက်ဆို လာမခေါ်လည်းရတယ်၊ အချိန်မှီပြန်လာမှာပါ"

"အခုက Alpha တွေ ruts ဝင်တဲ့ကာလမို့ အစ်ကို ပိုပြီး သတိထားသင့်ပါတယ်၊ ကျွန်တော်လည်း ဒဏ်ရာနဲ့မို့ အပြည့်အဝကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"

ထယ်ဟွန်းက ထော့နဲ့ ထော့နဲ့ လျှောက်နေရင်းကနေ ထယ်ယောင်းဘက်ကို လှည့်ကာ ပြောနေတုန်း ဘောမ်ဂယူက သူ့ရင်ဘတ်သူ လက်သီးဆုပ်လေးနဲ့ တဒုန်းဒုန်းထုပြရင်း

"ကျွန်တော်တစ်ယောက်လုံးရှိတယ် အစ်ကိုယောင်း၊ ကျွန်တော်က အပြည့်အဝ ကာကွယ်ပေးမှာ"

ဘောမ်ဂယူစကားကြောင့် ထယ်ဟွန်းမှာ ဟက်ခနဲ တစ်ချက်ရယ်မိသွားသလို ထယ်ယောင်းမှာလည်း အနည်းငယ်ပြုံးလိုက်မိသည်။

Love In The Woods [Completed]Where stories live. Discover now