လေးနက်သောမျက်နှာထားဖြင့် ထိုဘုရင်များက စိတ်ထဲမှ တရိုတသေ ပြန်ဖြေလိုက်သည်။ "ကျွန်တော်မျိုးက အရှင့်အတွက် ဆောင်ရွက်ပေးဖို့ရာ လိုလားပါတယ်။"

လက်ခံသည့်အဖြေကို ရပြီးနောက်မှ မောရစ် ရေကန်အောက်ခြေသို့ ဖြည်းဖြည်းချင်းနစ်ဝင်သွားသည်။ သလင်းကဲ့သို့ကြည်လင်သောရေခဲက သူ၏ဧရာမခန္ဓာကိုယ်ကို ချက်ချင်းလွှမ်းခြုံလိုက်သည်။

စိတ်ထဲ၌ နဂါး၏အမိန့်ကို ရရှိပြီးနောက် အိုင်နို၏မျက်နှာ၌ ပျော်ရွှင်မှုပေါ်ပေါက်လာကာ နတ်သူငယ်မိခင်သစ်ပင်အောက်၌ ထိုင်နေသော လှပသည့်မိန်းမပျိုအား တဝင်းဝင်းတလက်လက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ့ခန့်မှန်းချက်က မှန်ကန်သည်။ နဂါးမောရစ်က ဤမင်းသမီးလေဒီယာကို တကယ်ဂရုစိုက်သည်။

နဂါး၏အားနည်းချက်ကို ဖမ်းဆီးကာ ခြိမ်းခြောက်ရမည်လား။ ကနဦးတွင် အိုင်နိုထိုကဲ့သို့ တွေးဖူးသည်။ သို့သော် ထိုအကြံက တစ်စွန်းတစ်စမကျန် ပြန်ပျောက်ကွယ်သွားသည်။ နဂါးမောရစ်က စွမ်းအားကြီးလွန်းသည်။ အိုင်နိုမတုန့်ပြန်နိုင်စဉ်တွင်ပင် သူက မကောင်းဆိုးဝါး တစ်မျိုးနွယ်လုံးကို တစ်ချက်ထဲနှင့်ဖျက်ဆီးနိုင်သဖြင့် အိုင်နိုထိုသို့မစွန့်စားရဲပေ။

မည်သူကမှ မောရစ်အား ရန်မဆွရဲပေ။ သမိုင်းတွင် သူဒေါသထွက်ခဲ့သော အကြိမ်အချို့သည် ဘေးဒုက္ခပင်။

နဂါးမီးလျှံက မကောင်းဆိုးဝါးများနေရာ အသူတစ်ရာချောက်တစ်ခုလုံးကို ပျံ့နှံ့ခဲ့သည်။ ယခုအိုင်နို အထူးမျှော်ကိုးနေသည်မှာ ဤမင်းသမီးမှတစ်ဆင့် ကြောက်စရာနဂါးကိုကျေနပ်စေကာ သူ့မျိုးနွယ် သက်ညှာခံရရန်ပင်။

ထိုအချိန်မှာပင် နတ်သူငယ်မျိုးနွယ်၏ အလယ်ဗဟိုရှိ ခန်းမထဲမှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသောနတ်သူငယ်တစ်ယောက် ထွက်လာပြီး ၎င်းမှာ နတ်သူငယ်မျိုးနွယ်တစ်ခုလုံး၏ ဘုရင်ပင်။ သူကဘုရင်ဖြစ်သော်လည်း မကောင်းဆိုးဝါးဘုရင်အိုင်နိုကဲ့သို့ပင် နဂါး၏ဩဇာအရှိန်အဝါအောက်တွင် နေရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now