ဟျု့စ်က အော်ဟစ်လိုက်ပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ သူ့ဓားရှည်ဖြင့် ထိုးစိုက်လိုက်သည်။ ထို့နောက် သူ၏ဓားရှည်ကို ပြန်နှုတ်လိုက်ပြီး မြို့ရိုးပေါ်မှ ပုံရိပ်အား လှည့်ကြည့်သည်။ ဤရှုထောင့်မှဆိုလျှင် အဖြူရောင်အလင်းတန်း၏ အကာအကွယ်အောက်တွင် အပြာရောင်စကတ်အား မြင်နိုင်ရုံလေးပင်။ ပွရောင်းလှပသောစကတ်တွင် နီလာများထောင်ချီ မြှုပ်သွင်းစီခြယ်ထားသော်လည်း ၎င်းတို့ထဲမှမည်သည့်နီလာကမှ သူတို့ပိုင်ရှင်၏ အလင်းရောင်ထက် ပိုမတောက်ပနိုင်ပေ။

ထိုဆယ်ကျော်သက်လေးအား ပထမဆုံးတွေ့ဆုံချိန်ကို သူပြန်တွေးမိသည်။ သူက တကယ့်မင်းသမီးလေဒီယာနှင့် ရုပ်တူသော်လည်း မင်းသမီးတစ်ပါး၏ ကျက်သရေမရှိခဲ့ပေ။ သူက မောရစ်တောင်တန်းဆီသို့ သွားရမည်မှန်းသိသောအခါ လွတ်မြောက်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ သို့သော် တစ်နေ့တွင် လူငယ်လေးက ကံကြမ္မာကို လက်ခံလိုက်ပုံဖြင့် ငြိမ်သက်သွားသည်။ သူက ရုန်းကန်မှု၊ ကျိန်ဆဲမှုများ မလုပ်တော့ဘဲ မောရစ်တောင်တန်းဘက်ကိုသာ တိတ်ဆိတ်စွာ ခရီးဆက်လာသည်။

တစ်ချိန်ထဲမှာပင် ဂျွိုက်က ထိုအန္တရာယ်များသော ယောက်ျားထံမှ မှော်ပညာကို စတင်သင်ယူလာသည်။ ကနဦးတွင် သူ၏ဆောင်ရွက်ချက်အား ဟျု့စ် သဘောမပေါက်ချေ။ သူ၏ထင်မြင်ချက်အရ ဤဆယ်ကျော်သက်လေးက သေခြင်းကို စောင့်စားနေရရာ မှော်ပညာပိုသင်၍ အင်အားပိုကြီးလာလျှင်လည်း ဘာအသုံးဝင်မည်နည်း။ သူက နဂါးကို အံတုနိုင်မည်လား။

သို့သော်ယနေ့တွင် ဆယ်ကျော်သက်လေး၏ စကားကိုကြားကာ ဘေးကျပ်နံကျပ်ကာလမှာပင် တိုက်ပွဲထဲ တိုးဝင်သွားသည်ကို ကြည့်ပြီး ဟျု့စ်နားလည်သွားသည်။ မည်သူကမှ လာကူညီမည်မှန်းသိသဖြင့် အမှန်တရားအား သူလက်ခံလိုက်ခြင်းပင်။ သူက တိုက်ပွဲထဲသို့ တစ်ယောက်ထဲသာ သွားနိုင်သည်။ သို့သော် အမှန်တရားအား လက်ခံပြီးလျှင်ပင် ခုခံတတ်သောနှလုံးသားကို သူမဆုံးရှုံးသွားပေ။

ကံကြမ္မာကို အရှုံးမပေးဘဲ ရုန်းကန်နေသော ဤလူငယ်လေးက သူတို့ကိုလည်း ခံနိုင်စွမ်းက ဘာဆိုသည်အား သင်ပြခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now