ဂျောင်ဂုလည်း ထယ်ယောင်းကို မနှိုးတော့ဘဲ ထယ်ယောင်းကိုယ်လုံးလေးကို ပွေ့ချီလိုက်ပြီး ကျောက်ဂူထဲက ထွက်လာလိုက်ကာ တောင်ဘက်ရှီယန်းဆီသို့။

အရပ်ထဲဝင်သည်နှင့် လူများမှာ ဟိုစုစုဒီစုစုနဲ့ ပျက်စီးသွားသော နေအိမ်များကို ပြန်ပြင်နေကြသည်။ တချို့ကလည်း ငိုသူငို၊ ဆွေးသူဆွေး။

"ဟိုမှာ မြောက်ဘက်က Alpha"

ယောက်ျားကြီးတစ်ယောက်ရဲ့ အော်သံကြားပြီးနောက် ဘေးက ယောက်ျားသားများက တွေ့ရာ ဓားတွေ လှံတွေ တုတ်တွေဆွဲပြီး ဂျောင်ဂုအား ဝိုင်းထားလိုက်သည်။ လက်ထဲက Omega ကြောင့် ဂျောင်ဂုကို ဘာမှတော့ မလုပ်ကြ‌ပေ။

"မကောင်းဆိုးဝါးကောင်တွေ"

"မြောက်ဘက်ကကောင်တွေ ရွံဖို့အကောင်းဆုံးပဲ"

"ငါတို့ဘက်က Omega ကို အခုချက်ချင်း အောက်ပြန်ချလိုက်"

"‌မကောင်းဆိုးဝါး ထွက်သွား"

ထိုအသံများနဲ့အတူ ပတ်ပတ်လည်မှာ ဝိုင်းထားတာကြောင့် ဂျောင်ဂုမှာ ရှေ့ဆက်သွား၍မရတော့။ ထယ်ယောင်းလည်း ထိုအသံများကြောင့် အိပ်ချင်မူးတူးနဲ့ မျက်လုံးလေးပွင့်လာပြီး ဂျောင်ဂုလည်ပင်းကို ပိုမိုသိုင်းဖက်လာသည်။

"အားလုံးတိတ်ကြစမ်း"

အနောက်ဘက်က ဩဇာအပြည့်နဲ့ ထွက်ပေါ်လာသော ဘုရင်မ၏ အသံကြောင့် တစ်ယောက်တစ်ပေါက်ပြောနေသော လူများမှာ ငြိမ်ကျသွားပြီး ဘေးသို့ ရှဲခနဲ ဖယ်ပေးကြသည်။

"သူက ငါ့သားပဲ၊ ငါ့သားကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်မယ်"

ဘုရင်မကြီးရဲ့သားဆိုတာကြောင့် အားလုံးမှာ တအံ့တဩနဲ့ ဟင်ခနဲ ဟာခနဲ။ အချင်းချင်း တီးတိုးတီးတိုးနဲ့ ဂျောင်ဂုကိုတစ်လှည့် ဘုရင်မကိုတစ်လှည့်ကြည့်ကာ ပြောဆိုကုန်ကြသည်။

"နှစ်ယောက်လုံး နောက်ကလိုက်ခဲ့"

ဘုရင်မက ပြောပြောဆိုဆိုနဲ့ ရှေ့ကနေ ဦးဆောင် ထွက်သွားတော့ ဂျောင်ဂုလည်း ထယ်ယောင်းအား ပွေ့ချီလျက်နှင့်ပင် တိုးတိုး တိုးတိုး ပြောနေသော လူအုပ်ကို ကျော်ကာ နောက်က ‌လိုက်သွားတော့သည်။

Love In The Woods [Completed]Where stories live. Discover now