သူ ပြန်မပေးဘူး

Start from the beginning
                                    

ရှရှီပေ သူ့မိဘတွေကို သတိထားပြီး သိမ်ငယ်စွာ ကြည့်လိုက်တယ်

ဆရာတွေက နောက်ဆုံး အဖြေ ရှာတွေ့သွားပြီး တစ်ခါတည်းမှာဘဲ ဒေါသထွက်လာကြတယ်

"သမီးနဲ့ ယန်ရွှမ်နဲ့က ဘယ်လို ပတ်သက်လဲ? သမီးတို့ နှစ်ယောက်က တွဲနေတာလား?" ဆရာကျန်းက မေးလိုက်တယ်

ယန်မျိုးနွယ်တွေက ရှရှီပေက ယန်ရွှမ့်ကို လိုက်နေတယ်ဆိုပြီး ပြောနေကြတယ် ဒါပေမယ့် ယန်ရွှမ်က စာဘက်ကို မသက်ရောက်စေချင်လို့ သူမကို သွားပြောရာကနေ သူမက ရိုက်လွှတ်လိုက်တယ်ဆိုပြီး ပါပြောလာတယ်

"မဟုတ်ဘူး သမီးတို့ မတွဲဘူး" ရှရှီပေ ချက်ချင်း ခေါင်းရမ်းလိုက်တယ် " သမီးမှာ ရည်းစားထားဖို့ အချိန် ဘယ်လိုလုပ်ရှိမှာလဲ!" သူမ ဆရာတွေကို ရိုးသားစွာကြည့်လိုက်ပြီး တောင်းပန်လိုက်တယ် "ဆရာတို့ သမီး အခြေအနေကို သိမယ် ထင်ပါတယ် သမီး အလုပ်လုပ်ရမှာလေ?"

"ဒါဆို သမီးနဲ့ ယန်ရွှမ်က တွဲနေတာ မဟုတ်ဘူးပေါ့?"

"သမီးတို့ တစ်ယောက်နဲ့ တစ်ယောက် သိပြီး နည်းနည်း အဆက်အဆံတော့လုပ်ဖူးတယ် ဒါပေမယ့် တွဲနေတာတော့ မဟုတ်ဘူး!" ရှရှီပေ သေချာစွာ ပြောလိုက်တယ်

"ဒါဆို သူကဘာလို့ သမီးက သူ့ကို လိုက်နေတယ်လို့ ပြောရတာလဲ?"

"ဘာ?!" ရှရှီပေ မျက်လုံးက ပန်းကန်ပြားလောက် ဝိုင်းလာပြီး ယန်ရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ် "ဒါက သူ သမီးကို စွပ်စွဲ‌နေတာလား?! သူ့မှာ ရည်းစားရှိနှင့်နေပြီးပြီ!"

"သူ့မှာ ရည်းစားရှိတယ်?" ဆရာ ကျန်းက မေးလိုက်တယ်

"သူ့ရည်းစားက ကျင်ယာကျန်း သမီးက ကျင်ယာကျန်းက အရင်က သူငယ်ချင်းတွေ သူမ ယန်ရွှမ်ရဲ့ အာမခံတဲ့သူ ဖြစ်လာလို့ သမီး ယန်ရွှမ့်ကို ပိုက်ဆံချေးလိုက်တာ ဒါပေမယ့် သူတို့ နှစ်ယောက်ပေါင်းပြီး သမီးကို လှည့်စားမယ်လို့ မထင်ထားဘူး!"

ရှရှီပေ မျက်လုံးများ ရဲလာပြီး မျက်ရည်များလည်း မျက်လုံးထဲ ပြည့်လာတယ်

သူမ အပြုအမူက ဆရာတွေဆီကနေ သနားဂရုဏာတွေ ရစေပြီး မေးခွန်း ဆက်မေးစေတယ် "တကယ် ဘာတွေ ဖြစ်နေတာလဲ? ဆရာတို့ကို ပြော"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now