ဟယ်လို မစ္စတာ ချောင်

Start from the beginning
                                    

"ကောင်းပြီ မင်း ကိုယ့်ကိုကုပေး"

ချောင်ရန်ကျွယ် ဟော်ကျီကျွင်း သေသေချာချာ မစဉ်းစားခင် မီးအစိမ်းပြလိုက်တယ်

"ရန်ကျွယ်!" ဟော်ကျီကျွင်း အထိတ်တလန့် ဖြစ်သွားတယ်

"ငါ သူမကို ယုံတယ်"

ချောင်ရန်ကျွယ် ရှရှီပေ သူ့ဒဏ်ရာကို ကုပေးတဲ့ အချိန်ကို ပြန်တွေးလိုက်တယ် သူမ စွမ်းရည်က ချောမွေ့ပြီး တွေဝေခြင်း တစ်စက်မှ မပါဘဲ ရှင်းလင်းနေတယ်

သူ သတိပြန်မလည်ခင်တုန်းက ရှရှီပေက ကျွမ်းကျင်တယ်ဆိုတာ သူ ခံစားရတယ်

ဒါကြောင့် သူမလုပ်နိုင်တယ်ပြောတုန်းက သူ သူမကို ယုံတာဖြစ်တယ်

'ငါသူ့ကို ယုံတယ်'

သူ့စကားလုံးက ရှရှီပေကို နည်းနည်း တုန်လှုပ်စေတယ် သူမ ချောင်ရန်ကျွယ်ကို သူမအပေါ် ဒီလောက် ယုံကြည်မှုရှိမယ်ဆိုတာ မမျှောင်လင့်ထားဘူး

သူမ သူပြောလောက်တဲ့ စကားတွေကြောင့် သူက အရင်ကလောက် စိတ်အနှောင့်အယှက်မရှိသလို ခံစားလိုက်ရတယ်

"ကုသမှုရဲ့ ရလဒ်ကို သေချာအောင်လို့ မင်း ဒီကို နေ့တိုင်း လာရမယ်"

ရှရှီပေ မျက်မှောင် ကုပ်လိုက်တယ် "မဖြစ်နိုင်ဘူး! ကျွန်မ မအားဘူး! ကျွန်မက ကျောင်းသူဘဲ ရှိသေးတယ်!"

သူမ စုန့်ကျားရန် ကိစ္စကို ရှင်းရဦးမယ် သူမက ဒီကို နေ့တိုင်းလာဖို့ ဘယ်မှာအချိန်ရှိလို့လဲ?

ချောင်ရန်ကျွယ် မျက်ခုံးပင့်လိုက်တယ် "ဒါဆို ကိုယ်မင်း အိမ်ကို လာမယ်ဆိုရင်ရော?"

"မရဘူး!"

‌ရှရှီပေရဲ့ မျက်နှာက မည်းမှောင်သွားတယ် "ကျွန်မ အိမ်က သေးသေးလေး ရှင့်လို လူကောင်ကြီးကြီးက ကျွန်မ အိမ်မှာ မဆန့်ဘူး!"

ချောင်ရန်ကျွယ် ဒေါသမထွက်ဘူး "မင်းဆုံးဖြတ် မင်း လာမလား ကိုယ်လာရမလား ဆိုတာ"

"မင်းလာတာ ပိုကောင်းမယ် ငါ့ဆီမှာ ဆေးမျိုးစုံရှိတယ် အနည်းဆုံးတော့ သက်သောင့်သက်သာ ဖြစ်တာပေါ့" ဟော်ကျီကျွင်း ဖြတ်ပြောလိုက်တယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now