ဒီအခန်းကို ဘယ်သူမှ ဖွင့်ခွင့်မရှိ၊ ဝင်ခွင့်မရှိဘဲ သော့အမြဲခတ်ထားသည့်အပြင် နန်းဆောင်၏ အစွန်ဘက်မို့ လူတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေကြသော နေရာတစ်ခုပင်။

အခုတော့ ဘုရင်က သူ့လည်ပင်းတွင် ဆွဲထားသော လည်ဆွဲတစ်ခုအား ဆွဲချွတ်လိုက်သည်။ ဆွဲထားတုန်းက အင်္ကျီထဲ မြုပ်နေသည်မို့ မသိသာသော်လည်း အခု ချွတ်လိုက်တော့ လော့ကပ်နေရာတွင် ငွေသော့တစ်ချောင်းရှိနေသည်။

"ငါ ဒီသော့ကို အမြဲတမ်း ငါ့အနားမှာပဲ ထားတယ်၊ မင်းအမေနဲ့ ထွက်သွားပြီးကတည်းကပေါ့"

ပြောပြောဆိုဆိုနဲ့ ထိုသော့ကို အသုံးပြုပြီး အခန်းတံခါးအား ဆွဲဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲမှ pheromone ရနံ့တွေက ထောင်းခနဲ။ Alpha နဲ့ Omega ၏ ရောနှောနေသော pheromone မှန်း သိသာလှသည်။

ဘုရင်ကြီးက တံခါးဖွင့်ပြီးသည်နှင့် အခန်းထဲဝင်ကာ မှောင်နေသော အခန်းအား လင်းသွားစေရန် ပြတင်းပေါက်လိုက်ကာကို ဆွဲဖွင့်လိုက်သည်။

နံရံတွင် ဆွဲချိတ်ထားသော ပန်းချီကားတစ်ချပ်။ အမေက ထိုင်ခုံပေါ်ထိုင်လျက်၊ အနှီးထုပ်လေးနဲ့ ဂျောင်ဂုကို ချီထားသော ပန်းချီပင်။

စားပွဲပေါ်တွင် ပန်းခြောက်လေး သုံးပွင့်ခန့်တွေ့ရပြီး ပန်းအိုးထဲတွင်လည်း ပန်းခြောက်များကို တွေ့ရသည်။

ဘုရင်ကြီးက စားပွဲပေါ်က ပန်းခြောက်လေးများကို လက်နဲ့ အသာထိလိုက်ရင်း

"မင်းအမေက ရဲရင့်ပြီး သတ္တိရှိတဲ့ သူတစ်ယောက်ပါ၊ Alpha ဖြစ်ပေမဲ့ လှပပြီး ကျော့ရှင်းတယ်၊ သူက အရာရာပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်၊ နှင်းဆီပန်းအနီတွေကို သဘောကျလို့ သူကိုယ်တိုင် ဥယျာဉ်ထဲမှာ သူ့လက်နဲ့စိုက်ခဲ့တာ"

အဲ့တော့မှ ဂျောင်ဂုလည်း ပန်းခြောက်များကို သေချာကြည့်မိသည်။ နှင်းဆီပွင့်ချပ်များကဲ့သို့ပင်။

"ငါ မင်းအမေကို ချစ်လွန်းလို့ သူလုပ်ချင်တာအကုန်လုံး လုပ်ခွင့်ပေးခဲ့ပေမဲ့ သူကတော့ ငါ့ထက် တခြားတစ်ယောက်ကို ရွေးသွားတာ"

Love In The Woods [Completed]Where stories live. Discover now