မင်း single ဖြစ်တာနဲ့ဘဲ တန်တယ်

Comenzar desde el principio
                                    

သူ ‌လီဝေ့ယွင်လို သူတို့နဲ့ အတူတူ ကြီးပျင်းလာတဲ့ သူ‌ကိုတောင် ဒီလို ဘယ်တုန်းကမှ မဆက်ဆံဖူးဘူး

ချောင်ရန်ကျွယ် သူ့ကို စိန်းဝါးဝါး ကြည့်လိုက်ပြီး "ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? လူနာကို အရင်ကယ်!"

ရှရှီပေ နာကျင်လွန်းလို့ အသိစိတ်လွတ်နေပြီး ချောင်ရန်ကျွယ်ရဲ့ လက်မောင်းထဲရှိနေသည်ကို မေ့လျော့နေတယ် သူမ လုပ်နိုင်တာကတော့ အားအကုန်သုံးပြီး နာကျင်မှုကို အံတုတာဘဲ

သူမ ဒီလို နာကျင်မှု ခံစားရတာ နှစ်အတော်ကြာနေပြီး သူမ ဒါ‌ေတွ အကုန်လုံးမေ့သွားပြီ

သူမ ဒါတွေကို အကုန် ပြန်ခံစားရတော့ ဝမ်းနည်းပက်လက်ဖြစ်နေတယ်

"အဲ့တာဆို အထဲကို ခေါ်ခဲ့"
ဟော်ကျီကျွင်း အနောက်ကို ညွှန်ပြလိုက်တယ်

ခနနေတော့ သူ့‌ပါးစပ်ဟောင်းလောင်း ဖြစ်ရလောက်တဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်

ချောင်ရန်ကျွယ် ရှရှီပေ ခြေထောက်ကို မလိုက်ပြီး သယ်သွားလိုက်တယ်

___သူမက မင်းသမီး တစ်ယောက်ကဲ့သို့!

"နေဦး!"

ဟော်ကျီကျွင်း အော်လိုက်တယ် ဒါပေမယ့် ခနနေတော့ ချောင်ရန်ကျွယ်ရဲ့ ဗိုက်မှာ အနီကြောင်းကြီး တွေ့လိုက်ရတယ်

"ဘုရားရေ!" ဟော်ကျီကျွင်း ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်တော့တယ် စကားလုံးများ ပျောက်ရှပြီး သူမေးလိုက်တယ် "မင်း ကိုယ့်အခြေအနေကိုယ်ရော သိရဲ့လား?"

ချောင်ရန်ကျွယ် အရင်က သေနတ် ပစ်ခံထားရတာ ကျည်ဆန်ကို ဖယ်ပြီး သူ အသက်အန္တရာယ် မရှိတော့ပေမယ့်လည်း အချိန်ခဏတော့ အားအများကြီး သုံးလို့ မရသေးဘူး!

ပြီးတော့ ကြည့်လိုက်ပါဦး သူ့ဒဏ်ရာက ပြဲကုန်ပြီ!

"ဆရာ!"

အခြားလူတွေ ကြောက်လန့်ပြီး တစ်ယောက်ပြီးတသ်ယောက် ရှေ့ထွက်လာကြတယ်

"ငါ့ရှေ့ကဖယ်!"

ချောင်ရန်ကျွယ် မျက်နှာကို မာထန်အေးစက်စွာဖြင့် ပြောလိုက်တယ် သူ သူ့ရဲ့ ဒဏ်ရာကို ဒီလို အရေးကြီးတဲ့ အချိန်ကျမှ မေ့နေတာ အမှန် သူတို့က သူ့ကို ရှရှီပေကို ကမ်း‌‌ေပးဖို့ မျှော်လင့်နေတာလား?

ရက်စက်သောနတ်ဘုရားမDonde viven las historias. Descúbrelo ahora