ချီယူက အရိုအသေပေးလိုက်ပြီး အရှေ့လျှောက်လာသည်။

ယန်လန်က ဘာသာရေးဝန်ကြီးထံမှ စာလွှာအား ရရှိပြီးဖြစ်သည်။ ချီယူသည် မင်းသားကြီးဘက်မှ လူမဟုတ်ကြောင်း ဘာသာရေးဝန်ကြီးက အလွန်သေချာနေသော်လည်း ယန်လန်၏နှလုံးသားထဲမှ သံသယမှာ လုံးဝမပျောက်ကွယ်သွားပေ။

တိုင်းပြည်မြောက်ပိုင်းတွင် အခြေချနေသော ဤဗိုလ်ချုပ်ကြီးက သူ၏ချူချာသောအစ်ကိုနှင့် တစ်စုံတစ်ရာသက်ဆိုင်နေမည်ဟု ယန်လန် ခံစားနေရသည်။

ချီယူက စစ်တပ်အား နတ်ဘုရားကဲ့သို့ ကိုင်တွယ်နိုင်သည်ဟူသည့် ကောလဟာလကိုလည်း တတိယမင်းသား လှောင်ပြောင်နေမိသည်။သူက ချီယူအား လူများ၊ မြင်းများ ပိုယူလာရန် အကြံပေးပြီးဖြစ်သည်။ ပထမမင်းသားလက်အောက်မှ မြို့စောင့်တပ်များအား အထင်မသေးသင့်ပေ။ သို့သော် ထိုလူက စိတ်ကြီးဝင်ကာ နားမထောင်ခဲ့ပေ။ ယခုအခါသူက လူမလောက်ဟု ပြောပြန်သည်။ ဘယ်နေရာတွင် စစ်တပ်ကို နတ်ဘုရားလိုမျိုး ကိုင်တွယ်နိုင်သနည်း။

ယခုအချိန်တွင် မြို့စောင့်တပ်များ၏ ပြောင်းလဲမှုအား ယန်လန်မသိသေးပေ။ သူ၏အမြင်အရ ယခင်မြို့စောင့်တပ်များသည်ပင် အလွန်ထူးချွန်နေသည်။ ပြောင်းလဲသွားသော မြို့စောင့်တပ်၏ အသွင်အပြင်ကိုသာ ယန်လန်မြင်ပြီးလျှင် မြို့တော်အား ဤသို့အလောတကြီးတိုက်ခိုက်ရန် ဆုံးဖြတ်မည်မဟုတ်ပေ။

သူက ယခုအခါ အစီအစဉ် ချပြီးဖြစ်သည်။ သူက မြို့တော်ထဲသို့ မရောက်သေးသဖြင့် ချီယူ့စစ်တပ်၏အကူအညီအား အရေးတကြီး လိုအပ်သည်။သို့သော် သူချီယူကို အသုံးချရလျှင်ပင် ထိုတစ်ယောက်အား သူ၏အဓိကအရင်းအမြစ်များကို ထိခိုင်းမည်မဟုတ်ဘဲ တိုက်ခိုက်ရန်လက်နက်အဖြစ်သာ အသုံးပြုမည်ဖြစ်သည်။

သူထီးနန်းရပြီးသည်နှင့် ချီယူအား လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ကာ မြောက်ပိုင်းစစ်တပ်ကို အရယူလိုက်မည်။ ချီယူ၏ အဆင့်မြင့်သော တိုက်ခိုက်စွမ်းရည်ကို ယန်လန်လုံးဝ ထည့်မစဉ်းစားပေ။ သူ၏အမြင်အရ ၎င်းမှာ အဆိပ်ယမကာတစ်ခွက်ဖြင့် ဖြေရှင်း၍ရသော ပြဿနာဖြစ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now