"ဘယ်သူက အပြင်ထွက်လာခိုင်းသေးလို့ ထွက်လာတာလဲ"

အနားရောက်ရောက်ချင်း လေသံမာမာနဲ့ ပြောခံလိုက်ရသည်မို့ ထယ်ယောင်းဝမ်းနည်းမိသည်။

"အခု အန္တရာယ်ကင်းနေပါပြီ၊ ပြီးတော့ မောင့်ကိုစိတ်ပူလို့လေ"

"အန္တရာယ်ကင်းပြီလို့ ဘယ်လိုသိလဲ၊ Omega ဖြစ်ပြီး အဲ့လောက် မရဲတင်းနဲ့"

ဂျောင်ဂုစကားကြောင့် ထယ်‌ယောင်း ငြိမ်ကျသွားပြီး မျက်ရည်လေးများဆို့လာသည်။

"အိမ်ထဲပြန်ဝင်တော့"

"မဝင်နိုင်ဘူး၊ မောင်က ဒီလိုတွေလုပ်နေတဲ့ အချိန်မှာ ထယ်က အိမ်ထဲမှာပဲ ပုန်းနေရမှာလား၊ ဘာလို့လဲ Omega တစ်ယောက်ဖြစ်နေလို့လား"

"အခု စကားမများချင်သေးဘူး၊ အထဲဝင်လို့ ပြောနေတယ်မလား"

ဂျောင်ဂုက ထယ်ယောင်းကိုပင် မကြည့်ဘဲ ပြောနေသည်မို့ ထယ်ယောင်းမှာ ဝမ်းနည်းတာရော စိတ်တိုတာရော။

ထယ်ယောင်းဘာမှ ထပ်မပြောတော့ဘဲ ထိုနေရာမှ ထွက်လာခဲ့သည်။ ဂျောင်ဂုက တစ်ချက်မှ လှည့်မကြည့်ခဲ့ပါ။

"သခင်လေး အဝတ်အစားလဲဖို့ ပြင်ထားပါတယ်"

ဂျယ်ဆော့က အိမ်ရှေ့ကနေ စီးကြို၍ပြောသည်။ သို့သော် ထယ်ယောင်းက ခေါင်းကို ဖြည်းညင်းစွာခါရင်း

"မလဲတော့ပါဘူး၊ ကျွန်တော့်ကို ဓားတစ်လက်လောက် ပေးလို့ရမလား"

ထယ်ယောင်းစကားကြောင့် ဂျယ်ဆော့ ကြောင်တောင်တောင်ဖြစ်သွားကာ မျက်မှောင်ကုတ်မိသည်။ Omega က ဓားနဲ့ ဘာလုပ်မလို့လဲ။

"ဘာလုပ်သလို့လဲ သခင်လေး"

"ဒီတိုင်းလိုချင်လို့"

ဂျယ်ဆော့လည်း ထပ်ပြီး မမေးတော့ဘဲ ထယ်ယောင်းအား အရိုအသေပေးကာ လှည့်ထွက်လာတော့သည်။

ထယ်ယောင်းလည်း ခြုံထားသော ဂျောင်ဂု၏ဝတ်ရုံကို ချွတ်လိုက်ကာ အခန်းထဲသွားထားလိုက်သည်။ အခန်းထဲက ပြန်မထွက်မီ မထင်မှတ်ထားဘဲ အကြည့်တွေက စားပွဲပေါ်က ဓာတ်ပုံဘောင်လေးဆီ ရောက်သွားသည်။

Love In The Woods [Completed]Where stories live. Discover now