ငါမအားဘူး

Start from the beginning
                                    

ကျင်ယာကျန်းမျက်နှာမှာ ဘလက်‌‌ခ်ဘုတ် ပေါ်က မေးခွန်းကို ဖတ်နေစဉ် ပိုပြီး တောင့်တောင့်ကြီး ဖြစ်သွားတယ်

သူမ ရဲ့ ဒီနေ့ အ‌ေတွးတွေ အကုန်လုံးက ရှရှီပေ အပေါ်မှာပုံအောထားတာ ဆရာမ ဘာပြောနေတယ်ဆိုတာ သူမ ဘယ်လိုလုပ်သိမှာတုန်း?

သူမ နေရာမှာ အကြာကြီး တုပ်တုပ်မလှုပ်ဘဲ ရပ်နေတယ် ဆရာမမှာ ရွေးချယ်စရာ မရှိဘဲ သူမကို ထိုင်ခိုင်းလိုက်ရတော့တယ်

"နင်တို့က အခုမှ ဒုတိယနှစ်ရှိပင်မယ့်လည်း နောက်နှစ်ကျ နောက်ဆုံးနှစ် ရောက်တော့မှာ စာကို ဂရုစိုက်လုပ်ဖို့ အချိန်ရောက်နေပြီ!"

သူမ စကားလုံးတွေက လုံးဝ မကြမ်းတမ်းပေမယ့်လည်း ကျင်ယာကျန်းမှာ ရှက်ပြီး မျက်နှာ‌နဲ့ နားတွေပါ ရဲကုန်တယ်

လူတွေ သူမကို ကြည့်နေတဲ့အကြည့်တွေကြောင့်လည်း သူမ အနေခက်ရတယ်

ရှရှီပေ လုပ်လိုက်တဲ့ တစ်ခုတည်းသော အရာကတော့ ကြောက်စရာကောင်းအောင်ပြုံးပြလိုက်တာဘဲ

ကျင်ယာကျန်း ‌ရှရှီပေရဲ့ ထူးဆန်းတဲ့ အပြုံးကြောင့် လန့်သွားတယ် ဒါပေမယ့် သူမ မအော်ဘဲနဲ့ ထိန်းထားလိုက်နိုင်တယ်( ရှရှီပေ be like: 😏)

ရှရှီပေ ဘာတွေ ဖြစ်နေတာလဲ? သူမ ဒီနေ့မှ ဘာလို့ ပြောင်းလဲနေရတာလဲ?

အတန်းက နောက်ဆုံးမှာ ပြီးသွားတယ် ကျင်ယာကျန်း ရှရှီပေကို တစ်ဖန် ချဉ်းကပ်လာတယ်

"ရှီပေ.."

"ငါ့ကို ပြန်ပေးဖို့ ဆုံးဖြတ်ပြီးပြီလား?"

သူမ ဘာမှမပြောခင် ရှရှီပေ စကားဆိုလာခဲ့တယ်

ကျင်ယာကျန်းမျက်နှာမှာ ထိုစကားတွေ ကြားတော့ ပိုပြီး မသက်မသာဖြစ်လာခဲ့တယ်

"ငါ ပိုက်ဆံချေးတာ မဟုတ်ဘူး!" သူမ ကြောက်စိတ်မွှန်နေတယ်

"နင် မ‌ေချးပေမယ့် နင်တို့ နှစ‌်ယောက် အတူတူ သုံးလိုက်ကြတာ မဟုတ်ဘူးလား?" ရှရှီပေ ပိုကာ ရုပ်နဲ့ ကြည့်လိုက်တယ်

"ငါ...."

ကျင်ယာကျန်း နှလုံးခုန်မြန်လာတယ် ရှရှီပေ က အဲ့တာကို ဘယ်လိုသိတာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now