ငါနင့်ကို ယုံတယ်

Start from the beginning
                                    

'____ သူမနဲ့ ယန်ရွှမ်က အတွဲတွေ လုံးဝ မဟုတ်ဘူး'

ရှရှီပေရဲ့ လက်ရှိစွမ်းရည်တွေနဲ့‌ကတော့ ယန်ရွှမ်က သူမနဲ့ လုံးဝ မလိုက်ဖက်ဘူး!

"ဒါပေမယ့် စိတ်အေးအေးထားပါ ငါ နင့်ကို ဝိတ်ကျအောင် ကူညီပေးလို့ ရှင်ရင် နင် သုံးလအတွင်း မူလ ဝိတ်ကို ပြန်ရောက်သွားလိမ့်မယ်"

ရှရှီပေ ထပ်ဆောင်းပြောလိုက်တယ်

ထိုအရာက စုန့်ကျားရန်ကို ပိုပြီး တုန်လှုပ်စေတယ် " နင်...နင်ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား?"

"ငါနင့်ကို ဘယ်လိုလုပ် လိမ်ရဲရမှာလဲ?" ရှရှီပေ ပုခုံးတွန့်ပြလိုက်တယ် "နင် ငါ့အခြေအနေကို သိသားနဲ့ ငါနင့်ကို လိမ်မယ်ဆိုရင် ငါ ဒီနေရာ ဒီနေ့မှာ ရှိနေလိမ့်မလား?"

အဲ့တာက အမှန်ဘဲ

ရှရှီပေနဲ့ စုန်ကျားရန်ကြားမှာ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားချက် အကြီးကြီး ရှိတယ်

စုန့်ကျားရန်မှာ သူမကို ဖျက်စီးဖို့ နည်းမျိုးစုံရှိတယ်

ရှရှီပေသာ အရူးမဟုတ်ရင် သူမနဲ့ လာရှုပ်စရာ အကြောင်းမရှိဘူး

" အဲ့တာဆို... နင်ငါ့ကို ဝိတ်ကျအောင် လုပ်ပေးနိုင်တဲ့ အထိ ယုံကြည်မှုရှိလား?"

သူမ ဒီစကားတွေ ပြောပြီးနောက်မှာတော့ စုန့်ကျားရန် ရင်ဘတ်ထဲ ကုလားဘုရားပွဲလှည့်သလို ညံနေတယ်

"ဒါပေါ့!" ရှရှီပေက ခိုင်မာ ပြတ်သားနေတယ်"ငါ အစကတည်းက ယုံကြည်မှုမရှိရင် နင့်ကို ဘာလို့ ဆွဲခေါ်နေရမှာလဲ? ဘေးထွက်ဆိုးကျိုး မရှိစေရဘူးလို့လည်း ငါ အာမခံရဲတယ်!"

ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ ဝိတ်ကျမယ်!

စုန့်ကျားရန် ရင်ထဲ ထိသွားတယ်

"ကောင်းပြီ ငါသဘောတူတယ်!"

နောက်ဘက်မှ ကောင်မလေးတွေက ရှော့ရသွားတယ် "မမကျားရန်!"

"တော်တော့ ဘာမှမပြောနဲ့တော့ ငါ ဆုံးဖြတ်ချက်ချပြီးပြီ"

ခေါင်းလောင်းမြည်သွားတယ် စုန်ကျားရန် ရှရှီပေကို ကြည့်လိုက်ပြီး တည်ကြည်စွာပြောလိုက်တယ် " ငါနင့်စကား‌ေတွကို ယုံတယ် နင် ငါ့ကို မလှည့်စားရင်တော့ အကောင်းဆုံးပေါ့"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now