အဲ့တော့မှ ထယ်ယောင်းမှာ သဘောကျစွာ ရယ်လေတော့သည်။

နှစ်ယောက်သား ကျောက်ဂူထဲမှ ထွက်ကာ ဂျောင်ဂု ဦးဆောင်၍ မြောက်ဘက်ရှီယန်းသို့။

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ထယ်ယောင်းနဲ့ ဂျောင်ဂုလည်း အတွေးကိုယ်စီနဲ့ ဘာစကားမှ မပြောဖြစ်ကြပေ။

တဖြည်းဖြည်း မြောက်ဘက်ရှီယန်းနဲ့ နီးကပ်လာတော့ ထယ်ယောင်းက ဂျောင်ဂုနားကို တိုးကပ်လာတော့ ဂျောင်ဂုမှာ ထယ်ယောင်း လက်လေးကို ဆုပ်ကိုင်လိုက်သည်။

"ဘာမှကြောက်နေစရာမလိုဘူး ဟုတ်ပြီလား"

ဂျောင်ဂုစကားကို ထယ်ယောင်းက ခေါင်းလေးငြိမ့်ကာသာ ပြန်ဖြေသည်။

ရှီယန်းထဲစဝင်တာနဲ့ လူတွေက တစ်ယောက်စ နှစ်ယောက်စသာ ရှိသေးသည်။ လမ်းလယ်ရောက်သည်နှင့် လူများက တဖွဲဖွဲနဲ့ ဂျောင်ဂုဘေးက Omega အား သူ့ထက်ငါ အပြိုင် တိုးဝှေ့ကြည့်နေကြသည်။ ဒီလူတွေက Male Omega မမြင်ဖူးကြဘူးမလား။

ဂျောင်ဂုလည်း ထိူလူများကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်ပြီး ‌ထယ်ယောင်းလက်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

ထိုအချိန်မှာပဲ လူအုပ်ကြားထဲက တိုးဝှေ့ဝင်လာသော အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်။

"ငါရဲ့ မင်းသားချောလေး ပြန်လာပြီ၊ ဘယ်ထိများ သွားနေလို့ ခုမှ ပြန်လာ...လာ"

ပြောလက်စ စကားများ ရပ်သွားပြီး မင်းသား၏ ဘေးက Omega ဆီ အကြည့်တွေရောက်သွားသော အထိန်းတော် အီဂွမ်ဆူ။

ထယ်ယောင်းမှာ ဂွမ်ဆူကိုတစ်လှည့် ဂျောင်ဂုကို တစ်လှည့်ကြည့်ပြီး မျက်လုံး အဝိုင်းသားလေးနဲ့

"မင်း...မင်းသားလား"

"မောင် စောစောမပြောပြခဲ့တာ တောင်းပန်ပါတယ်"

ထယ်ယောင်း ဘာမှပြန်မပြောဘဲ ခေါင်းလေးသာ ငုံ့သွားသည်။ ကိုယ်က မင်းသားတစ်ယောက်နဲ့ တန်တာ သေချာရဲ့လား။

ဘေးဘီကို ဝေ့ကြည့်လိုက်တော့ သူ့အား အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသော Alpha Beta များက ကျောချမ်းဖွယ်။ Omega ဟူ၍ ခုထိ မတွေ့ရသေးပေ။

Love In The Woods [Completed]Where stories live. Discover now