"အပြင်မှာ လေတိုက်တယ်။ ရထားလုံးထဲ ဝင်တော့နော်။ "ဝေ့လင်း သူ့ဇနီးကိုယ်ပေါ်မှ ခြုံထည်အား စေ့ပေးလိုက်သည်။ " မြို့တော်ရဲ့အပြင်ဘက်မှာ သိပ်အဆင်မပြေလောက်ဘူး။ ရှင်မ ထပ်တောင့်ခံပေးဖို့ ကိုယ်တောင်းဆိုရမှာပဲ။ "

"ကျွန်မကို အမှန်အတိုင်းပြော။ ဘာလို့ ကျွန်မကို အဝေးပို့ရတာလဲ။ သခင်ကြီးရဲ့ အခြေအနေကကော။ မင်းသားကြီးက သခင်ကြီးကို လတ်တလောကတင် ရာထူးတိုးပေးလိုက်တယ် မဟုတ်လား။ " အမျိုးသမီးက နေမကောင်းဖြစ်ကာ အားနည်းနေသော်လည်း တက်ကြွနေသေးကာ ဝေ့လင်းအား ဆွဲ၍ မေးခွန်းများ မေးနေသည်။

"ကိုယ်က ဘာလုပ်နိုင်မှာလဲ။ အခု ကိုယ်က ပထမအဆင့်ဝန်ကြီး ဖြစ်သွားပြီ။ ရှင်မကို ဒီလိုမျိုးအဝေးပို့ရတာက ရှင်မနေမကောင်း ဖြစ်ပြီး စိတ်အခြေအနေ သိပ်မကောင်းတဲ့ပုံပေါ်နေလို့ပါကွာ။ ခဏလောက် အပြင်ဘက်မှာ စိတ်အပန်းဖြေဖို့ ပို့ပေးတာ။ "ဝေ့လင်းက ရွှင်လန်းဟန်ဆောင်ကာ သူ့နှလုံးသားထဲမှ လေးလံမှုကို ဖုံးကွယ်ထားသည်။

"တကယ်လား။ " အမျိုးသမီးက တုန့်ဆိုင်းစွာမေးလိုက်သော်လည်း လေအေးတစ်ရှိုက်ကို ရှူလိုက်မိကာ ချောင်းဆိုးမရပ်နိုင်တော့ချေ။

ဝေ့လင်း စိတ်မကောင်းဖြစ်သွားကာ သူမအား ရထားလုံးထဲ မြန်မြန်ပို့လိုက်သည်။ "တကယ်ပါ၊ တကယ်ပါကွာ။ သွားတော့နော်။ ကိုယ် ခွင့်ယူလို့ရတဲ့အချိန်ကျရင် ရှင်မကို လာတွေ့မယ်။ "

နောက်ဆုံးတွင်တော့ ရထားလုံးစတင်ထွက်ခွာသွားသည်။ ဝေ့လင်းက ခွဲခွာသွားသော ရထားလုံးအား ပြည်လမ်းမပေါ်တွင် လက်နောက်ပစ်၍ ရပ်ကြည့်နေရင်း သက်ပြင်းချလိုက်သည်။

ယန်းဟွေးထွက်သွားပြီဖြစ်သဖြင့် ဝေ့လင်းက သူ့နေရာလပ်အား ဖြည့်ရလိမ့်မည်။ ယန်းဟွေးချန်ထားခဲ့သော အရှုပ်အထွေးကွန်ရက်များကိုလည်း တဖြည်းဖြည်း ရှင်းနေရရရာ ယခုတလော သူတကယ်ပင်ပန်းနေသည်။ မည်သို့ပင်ဆိုစေ သူခဏလေးပင် စိတ်မချနိုင်ပေ။ သူသည်လည်း တတိယမင်းသားနှင့် ပက်သက်ဖူးရာ မင်းသားများထဲမှ တစ်ယောက်မျှ မရိုးရှင်းကြောင်း သိနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now