ထယ်ယောင်းက မဆိုင်းမတွပင် လက်ထဲက ဓားနဲ့ ထိုလူများကို ရွယ်ထားသည်။

"ထယ် ပြေးတော့"

"ဂျောင်ဂုမပါဘဲ မသွားဘူး"

"ငါလိုက်ခဲ့မယ် ပြေးတော့"

ထိုအချိန်မှာပဲ အနားသို့ လူတွေ အများအပြားရောက်လာတော့သည်။

"မြောက်ပိုင်းက Alpha လွတ်နေတယ်"

"ဖမ်းကြ"

ဂျောင်ဂုလည်း မြေပြင်ပေါ်က လှံကို ကောက်ကိုင်ကာ ထိုလူများကို ပြန်ခုခံသည်။ ထိုထဲတွင် စစ်သူကြီး ကင်ဂျုံးဂု အပါအဝင်။

"ကင်ထယ်ယောင်း၊ မင်း.."

"အစ်..အစ်ကို"

ထယ်ယောင်းမှာ ဂျုံးဂုကိုတွေ့ပြီး ဓားကိုကိုင်လျက် ငြိမ်သက်သွားစဉ်

"ထယ် ပြေးတော့လို့"

ဂျောင်ဂု အသံကြားမှ အသိပြန်ဝင်လာပြီး ထိုနေရာမှ အမြန်ပြေးထွက်လာခဲ့တော့သည်။ နောက်ကို ပြန်လှည့်ကြည့်လိုက်ရာ ဂျောင်ဂုက နန်းတွင်းထဲမှ Alpha တွေ Beta တွေနဲ့ တိုက်ခိုက်ရင်း ကျန်ခဲ့သည်။

ထယ်ယောင်းနောက်ကိုတော့ ဂျုံးဂုနဲ့အတူ သူ့လူများက လိုက်နေတော့တာကြောင့် ထယ်ယောင်းမှာ ခြေကုန်သုတ်ပြေးပြီး တောအုပ်ဆီသို့ ဦးတည်ခဲ့သည်။

ထယ်ယောင်းက Omega ဖြစ်သော်လည်း သွက်လက်သူမို့ အလွယ်တကူ မဖမ်းနိုင်ကြပေ။

ထယ်ယောင်းလည်း တောအုပ်ထဲရောက်မှ အဖြောင့်မပြေးတော့ဘဲ မျက်စိလည်စေရန် ဟိုဟိုဒီဒီ သစ်ပင်ကြီးများကြားထဲ ဝေ့ဝိုက်ကာ ပြေးလေတော့ အနောက်က Alpha လူကောင်ထွားကြီးများက အမြန်မလိုက်နိုင်။

နောက်ဆုံး မျက်ခြေပြတ်လောက်မှ အသင့်ရှိနေသော ကျောက်တုံးကြီး အောက်တွင် ထိုင်ချကာ ပုန်းနေလိုက်သည်။

လှိုက်ဖိုနေသော ရင်ဘတ်ကို အသာဖိကာ မိမိ၏ အသက်ရှူသံနဲ့ pheromone များကို အတတ်နိုင်ဆုံး ထိန်းထားရသည်။

တော်တော်ကြာမှ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတာကြောင့် ထယ်ယောင်းလည်း ပုန်းနေရာမှ ထွက်လာခဲ့သည်။

Love In The Woods [Completed]Where stories live. Discover now