ထိုသို့ပြောပြီးနောက် ချန်းဘင်းက ဧကရာဇ်ဟုန်းမျင်နှင့် မိန်းမစိုးဆုတို့၏ ကြောင်အနေသော အကြည့်အောက်မှာပင် သူ၏လူများအား ဥိးဆောင်၍ ကျင်းယန်နန်းဆောင်မှ ထွက်ခွာသွားသည်။ ကျင်းယန်နန်းဆောင်၏ ဂိတ်တံခါးမှ ထွက်လာသည်နှင့် သူ့မျက်နှာကြီး ညှိုးငယ်လာကာ အကြည့်များက စိုးရိမ်ပူပန်နေပုံပေါ်လာသည်။

မင်းသားကြီး ဘာတွေးနေသည်အား ချန်းဘင်းတကယ့်ကို နားမလည်နိုင်ပေ။ သူက မသန်စွမ်းဟူသော နာမအတပ်ခံရသည်အထိပင် ကြာရှည်စွာ အစီအစဉ်ချခဲ့သော်လည်း ဤရက်ကိုသာ သူစောင့်ခဲ့သည်လား။

မင်းသားကြီးသာ တတိယမင်းသား အဝေးရောက်နေမှုကို အခွင့်ကောင်းယူကာ ထီးနန်းမဆက်ခံလိုက်လျှင် တတိယမင်းသား ပြန်လာသောအခါ မြို့တော်၌ အချို့အပြောင်းအလဲများ ဖြစ်လာလိမ့်မည်။

မင်းသားကြီးက ကရုဏာမဲ့သဖြင့် ဧကရာဇ်ဟုန်းမျင်အား မသတ်သော်လည်း အကျဉ်းချထားမည်ဖြစ်ကြောင်း ချန်းဘင်းသိသည်။ ဒါဆိုဘာလို့ ဧကရာဇ်ဟုန်းမျင် အသက်ရှင်ဖို့အတွက် မှော်ဆန်တဲ့ဆေးညွှန်းကို ဒုက္ခခံပြီး ရှာခဲ့တာလဲ။

ထို့အပြင် ပြည်တွင်းရေးကိစ္စများကိုပင် ဧကရာဇ်ကြီး ကြည့်နိုင်ဖို့အတွက် ဆက်သဦးမည်လား။ အသက်ကြီးနေပြီဖြစ်သည့် ဧကရာဇ်ကိုကြည့်ကာ နှလုံးသားနူးညံ့သွားတာ ဖြစ်နိုင်လား။

ချန်းဘင်းပိုတွေးလေလေ စိတ်ပိုလေးလံလာလေလေပင်။ သူအစကတည်းက မင်းသားကြီးအနောက်လိုက်ခဲ့ခြင်းမှာ ဤအာဏာဖီဆန်ခြင်းကြောင့်ပင်။ အဘယ့်ကြောင့်ဆိုသော် သူက မင်းသားကြီး၏ အကြင်အနာမဲ့မှုအား စိတ်ဝင်စားသည်။ အခုအခါ သူ့နှလုံးသားထဲ၌ အနည်းငယ် နောင်တရသကဲ့သို့ ခံစားရသည်။

သမိုင်းတစ်လျှောက်၌ ပုန်ကန်မှုကျရှုံးသွားလျှင် ရလဒ်မှာ....

ချင်းယွင်က ချန်းဘင်းဘာတွေးနေသည်အား ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် နောက်ပိုင်းတွင် ယန်ဆာမှာ အားလုံးထံမှ သစ္စာအဖောက်ခံခဲ့ရသည်။ သူနှင့် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသူမိတ်ဆွေပင် သူ့အားစိတ်ပျက်ကာ တတိယမင်းသား၏ အုပ်စုထဲသို့ ဝင်သွားခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now