ယန်ဆာမှာ ဖျက်လိုဖျက်ဆီးလုပ်သူဖြစ်သွားသည်။ သူ၏တိုတောင်းသောမင်းပြုစိုးစံသည့်ကာလအတွင်း တိုင်းပြည်၏ တောင်ပိုင်းတွင် ရေကြီး၍ မြောက်ပိုင်းတွင် မိုးခေါင်ရေရှားနေသဖြင့် တိုင်းသူပြည်သားများ မကျေမနပ်ညည်းညူကြသည်။

ယန်လန်ထီးနန်းဆက်ခံလိုက်သည်နှင့် မြောက်ပိုင်းဒေသတွင် ချက်ချင်းမိုးရွာလာသဖြင့် ပြည်သူပြည်သားများက ယန်လန်အား ကံကြမ္မာ၏သားတော်ဟု ခေါ်ဝေါ်ကြသည်။ နောက်ပိုင်းတွင် ယန်ဆာက ထီးနန်းလုယူခဲ့မှုကြောင့် သမိုင်းထဲမှအာဏာရှင်တစ်ယောက်ဖြစ်လာကာ ယုတ်မာသူအမှတ်အသားအဖြစ်သာကျန်ရစ်သည်။

ယခုအခါ ချင်းယွင်က ဧကရာဇ်ဟုန်းမျင် နတ်ရွာမစံခင်အချိန်၌ ကူးပြောင်းလာခဲ့သည်။ နှစ်နှစ်နီးပါးစီမံပြီးနောက် ယန်ဆာက နန်းတွင်းမှအာဏာအများစုအား ချုပ်ကိုင်နိုင်ပြီးဖြစ်သည်။

သူမျက်လွှာချကာ ဤအားနည်း၍ချုံ့ချုံးကျနေသော ခန္ဓာကိုယ်ကို လေ့လာလိုက်သည်။ ယခုအခါသူ၏ စိတ်ဝိညာဉ်က ဤအဆုံးသတ်ခါနီးပြီဖြစ်သော ခန္ဓာကိုယ်အား စတင်ပြုပြင်နေပြီဖြစ်သဖြင့် ကိုယ်ကာယပိုင်းဆိုင်ရာပြဿနာများမှာ အခက်အခဲမဖြစ်စေတော့ပေ။

သို့သော် ယန်ဆာက ဤခန္ဓာကိုယ်ကြောင့် ခက်ခဲခဲ့ခြင်းလား။ မဟုတ်ပေ။ သူပလ္လင်ပေါ်၌ ထိုင်ရန်မခက်ခဲဘဲ မြဲမြံစွာ ချုပ်ကိုင်ထားနိုင်ရန်ကသာ မလွယ်ကူခြင်းဖြစ်သည်။ လက်ထဲတော်ဝင်အမိန့်စာရှိနေသော တတိယမင်းသားက အကြောင်းပြချက်များထဲမှ တစ်ခုသာဖြစ်သည်။ ပို၍အရေးကြီးသော အကြောင်းပြချက်မှာ ညီလာခံနှင့် ပြည်သူပြည်သားများကြားမှ ယန်ဆာ၏ ဂုဏ်သတင်းဖြစ်သည်။

ချင်းယွင်သာ နဂိုယန်ဆာအတိုင်း ဧကရာဇ်ဟုန်းမျင်၏ နတ်ရွာစံခြင်းကို အခွင့်ကောင်းယူကာ တော်ဝင်အမိန့်စာအတုလုပ်၍ ထီးနန်းဆက်ခံလိုက်လျှင် သူ့တစ်ဘဝလုံး မဖျောက်ဖျက်နိုင်သော အစွန်းအထင်း ဖြစ်သွားလိမ့်မည်။ တတိယမင်းသား ရှင်သန်နေသမျှ ဤအချက်ကို အသုံးချ၍ သူ့အားတိုက်ခိုက်လာမည့်အခက်အခဲမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now