စုန့်ကျားရန်

Zacznij od początku
                                    

သူမက ဂိုဏ်းခေါင်းဆောင်ရဲ့ သမီး သူမ အဖေသာ သူက သူ့သမီးအပေါ် သစ္စာမရှိဘူး ဆိုတာ သိရင် သူမအဖေက သူ့‌‌ေ*ာတွေကို နှစ်ခြမ်းကွဲအောင် လုပ်လိုက်နိုင်တယ်

ရှရှီပေက အရင်တုန်းက ဒါတွေ မသိဘဲနဲ့ ယန်ရွှမ့်ကြောင့် အသတ်ခံရလုနီးပါးဖြစ်ခဲ့တာ

ယန်ရွှမ်က သူနဲ့ ရှရှီပေရဲ့ ဆက်ဆံရေးကို စုန့်ကျားရန် အသိခံရလောက်တဲ့ အထိ သတ္တိမရှိဘူး ဒါပေမယ့် သူက ရှရှီပေကို စုန့်ကျားရန်ရဲ့ ဂုဏ်ကို မှီခိုပြီး ရွံစရာကောင်းတာတွေ လုပ်ခဲ့သေးတာ

နှစ်အနည်းငယ်လောက်ကြာတော့ သူ စုန့်ကျားရန်တောင် အချစ်မွှန်ထူနေသလို ပုံပေါ်အောင် လက်ထပ်ခဲ့သေးတာ

ရှရှီပေ ယန်ရွှမ့်အပေါ် နည်းနည်းလေးစားသွားတယ် သူ သူများတွေအပေါ် ရက်စက်သလောက် သူ့ကိုယ်သူလဲ ရက်စက်တာကို!

ဒါပေမယ့် ဒီတစ်ခါတော့ ယန်ရွှမ်ကို သူကြိုက်သလို လုပ်ခွင့်မပေးနိုင်တော့ဘူး!

"ယန်ရွှမ်က နင့်ဆီက ပိုက်ဆံချေးတယ်ပြောတာ နင်လား? စုန့်ကျားရန် သူမကို အကြည့်တစ်ချက် ပစ်ကျွေးလိုက်တယ် ဒါပေမယ့် သူမ မျက်လုံးတွေက အရမ်းသေးလွန်းတော့ ခြိမ်းခြောက်တဲ့ ပုံမပေါ်ဘဲ ရယ်စရာ ကောင်းနေတယ်

ရှရှီပေ ‌အနောက်က မိန်းကလေး‌ေတွရဲ့ ခြိမ်းခြောက်တာကို မသိသလို ခေါင်းငြိမ့်လိုက်တယ်

"ဟုတ်တယ်!"သူမ ခေါင်းငြိမ့်လိုက်တယ် "သူငါ့ဆီကနေ ယွမ် ၂၀၀၀၀ ချေးထားတာ!"

"လူလိမ်!"စုန့်ကျားရန် ချက်ချင်း တုန့်ပြန်လိုက်တယ် "သူ နင့်ဆီကနေ ပိုက်ဆံဘာလို့ ချေးမှာလဲ!"

စုန့်ကျားရန် ဘက်က ကြည့်ရင် ရှရှီပေက လိမ်နေတာ

သူက ယန်ရွှမ်ရဲ့ ကောင်မလေး ယန်ရွှမ်က အခြားသူဆီက ပိုက်ဆံ ဘာလို့ ချေးမှာလဲ?

အဲ့တာကို ဖယ်ထားလိုက်ရင် ယွမ် ၂၀၀၀၀ က ဘယ်လောက်ရှိလို့လဲ?

သူမမှာ လစဉ် သောင်းချီ မုန့်ဖိုးရနေတာ ဘာကြောင့် ယန်ရွှမ်က အခြားသူဆီက ပိုက်ဆံ ချေးမှာလဲ?

ရက်စက်သောနတ်ဘုရားမOpowieści tętniące życiem. Odkryj je teraz