အထိန်းတော်ကြီးက ပြန်ဖြေကြားပြီးတာနဲ့ အနားမှထွက်သွားတော့သည်။

ဂျောင်ဂုလည်း နန်းတော်ထဲသို့ ခပ်သွက်သွက်လျှောက်လာလိုက်တော့ လျှောက်လမ်းမှာပင် ဖခင်ဖြစ်သူ ဘုရင်နဲ့ တန်းတွေ့သည်။

"မင်းကြီး ကျွန်တော်ပြန်ရောက်ပါပြီ"

ဂျောင်ဂုအသံကြောင့် ဘုရင်က လှည့်ကြည့်သည်။

"မင်း ငါ့ကို အဖေလို့ ခေါ်တာ ပိုသဘောကျတယ်"

ဂျောင်ဂုဘာမှပြန်မပြောမိ။

"ဂျွန်ဂျောင်ဂု၊ မင်းသားတစ်ပါးက ခုလို တောထဲပဲ သွားနေလို့ ဘယ်ဖြစ်မလဲ၊ တချိန်မှာ မင်းက ဘုရင်ဖြစ်လာမဲ့သူလေ"

"ကျွန်တော်သိပါတယ်"

ဂျောင်ဂုစကားကြောင့် ဘုရင်က အနည်းငယ်ပြုံးကာ အနားသို့ တိုးလာသည်။

သို့သော် ဂျောင်ဂုနားရောက်တာနဲ့ မျက်မှောင်အလိုလိုကုတ်သွားကာ ဂျောင်ဂုကို မော့ကြည့်သည်။

"Omega နံ့၊ မင်းတစ်ညလုံး Omega တစ်ယောက်နဲ့ အတူရှိနေတယ်လို့လာမပြောနဲ့"

ဘာမှပြန်မဖြေဘဲ ရုပ်တည်ကြီးနဲ့သာ ရပ်နေသော ဂျောင်ဂုကြောင့် ဘုရင်မှာ သက်ပြင်းချမိသည်။

"သေချာနားထောင်၊ မင်းက တော်ဝင်မျိုးရိုး၊ နောက်မွေးလာမဲ့ ကလေးမှာ Omega သွေးရောနေတာ မမြင်ချင်ဘူး၊ Alpha စစ်စစ်တွေပဲ တိုင်းပြည်ကို အုပ်ချုပ်ရတာ၊ မင်းလည်း Alpha မိန်းကလေးနဲ့ပဲ လက်ထပ်ပြီး True Alpha တွေပဲ မွေးထုတ်ရမှာ"

"ကျွန်တော် သိပါတယ်"

ထုံးစံအတိုင်း ဘာခံစားချက်မှ မရှိသော မျက်နှာထားနဲ့သာ ပြန်ဖြေတာကြောင့် ဘုရင်လည်း ဘာမှဆက်မပြောတော့ဘဲ ဂျောင်ဂုရှေ့မှ ထွက်သွားတော့သည်။ အဲ့တော့မှ ဂျောင်ဂုလည်း ခပ်သွက်သွက် မိမိအခန်းထဲသို့ ဝင်လာသည်။

ဝင်ဝင်ချင်း တံခါးကို အမြန်ပိတ်ကာ အဝတ်ဗီဒိုထဲမှ အဝတ်အစား လေးငါးစုံခန့်ကို ထုတ်သည်။ ပြီးတော့ ‌နံရံတွင် ချိတ်ထားသော သေနတ်နဲ့ ကျည်ဆံများကို ယူသည်။

မထင်မှတ်ပဲ အကြည့်တွေက စားပွဲပေါ်က ဓာတ်ပုံဘောင်လေးဆီသို့။ တစ်ခါမှ မတွေ့ဖူးသော အမေ့ဓာတ်ပုံ။ အဖေရဲ့ ပြောကြားချက်အရ အမေက ဂျောင်ဂုဘဝတွင် ဗီလိန်ဖြစ်ခဲ့သည်။ ယောက်ျားနဲ့ သားကို ပစ်ပြီး အဝေးသို့ ထွက်သွားသော မိန်းမတစ်ယောက် သက်သက်သာ။ ဒါပေမဲ့ တစ်ခါလောက်တော့ ပြန်ဆုံချင်ပါသေးသည်။

Love In The Woods [Completed]Where stories live. Discover now