ချင်းယွင်က ဖုန်းဖေ့မင်ကို မျက်လုံးလက်လက်ကလေးဖြင့် ကြည့်လိုက်သည်။ ထိုယောက်ျားက ဤတစ်ကြိမ် ရူးမိုက်ကာ အဓိကဇာတ်လိုက် ဆိုလျှင်........ဟီးဟီး။ သူအသေအချာကို ပညာပေးမိလိမ့်မည်။

တစ်ချိန်ထဲမှာပင် ချင်းယွင် ယိုဒါအား ကြည့်လိုက်သည်။ ထိုတစ်ယောက်က သူ့ကိုယ်ပိုင်မိသားစုအမွေကို ဆက်ခံသည်မှာ သိပ်မကြာသေးပေ။ သူက အခုထိ ကြည့်နေသေးသည်။ ယခုအခါ သူ၏ ရှန်မင်းရယ်အပေါ် စိတ်ပျက်မှုနှင့် မနှစ်မြို့မှုကို လုံးဝမဖုံးကွယ်ထားပေ။

အချုပ်ပြောရလျှင် ယောက်ျားနှစ်ယောက်လုံးက ချင်းယွင်အားအလွန်မသက်မသာဖြစ်စေသည့် အကြည့်ဖြင့်ကြည့်နေကြသော်လည်း ချင်းယွင်က ၎င်းကို အလွန်ပုံကြီးချဲ့မနေပေ။ သူ့နှုတ်ခမ်းထောင့်မှ အနည်းငယ်ကော့တက်နေမှုလေးကသာ သူ၏စိတ်ထဲ၌ဘာတွေးနေသည်ကို အစစ်အမှန်ဖော်ပြနေသည်။

အမှန်ပြောရလျှင် ချင်းယွင်က ထိုလူနှင့် ကျပန်းတွေ့ဆုံရသည်ကို နှစ်သက်သည်။ သူတို့တွေ့သည့်အခါတိုင်း၌ ခြားနားသောဖြစ်ရပ်များ၊ ကွဲပြားသော အနေအထားများနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ဆိုင်မှုတို့က ချင်းယွင်အား အလွန်စိတ်ဝင်စားစေသည်။

ချင်းယွင်က စိတ်ထဲတွင် ကျေနပ်နေသည်။ ထိုယောက်ျားက မည်သူ၏ ကိုယ်ထဲရောက်လာမည်ကို သူဂရုမစိုက်ပေ။ သူက ခြွင်းချက်မရှိ သူ့အပိုင်ပင်။ ဟုတ်တာပေါ့။ သူ ထိုယောက်ျားနှင့်ပက်သက်၍ မကျေနပ်လျှင် သင့်လျော်သလို ဆက်ဆံ၍ ကောင်းကောင်းသင်ပေးရမည်။

မည်သို့ပင်ဆိုစေ ယိုဒါက သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချင်းယွင်က ယခုဇာတ်ကြောင်းအတိုင်း ပြုမူရမည်။

သူက လက်ထဲမှ ဓားနှင့်ခရင်းကို အေးစက်စွာ ချလိုက်ရာ သတ္ထုနှင့် ကြွေည်တို့ တိုက်မိသည့် ကြည်လင်သောကြွပ်ဆတ်ဆတ်အသံထွက်လာသည်။

ညစာစားသည့် စားပွဲမှ အခြားနှစ်ယောက်လည်း လူငယ်လေးထံ အကြည့်ရောက်လာကြသည်။

ရှန်မင်းရယ်က ခေါင်းမော့ကာ ဖုန်းဖေ့မင်ကို အရင်ကြည့်သည်။ ထိုတစ်ယောက်၏ မျက်လုံးထဲမှ ဟန်ဆောင်ထားသော ကြင်နာမှုက သူ့ကိုသတ္တိကြီးကြီးမားမားပေးလိုက်ပုံပေါ်သည်။ သူအသက်တစ်ချက်ပြင်းပြင်းရှူလိုက်ပြီး မျက်ခုံးမြှင့်ကြည့်နေသော ယိုဒါကို လေးလေးနက်နက်မျက်နှာချင်းဆိုင်လိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now