ရှန်မင်းရယ်၏ အမေသည် ဖုန်းဖေ့မင်၏ သွေးဝေးသော အဒေါ်ဖြစ်သည်။ သူငယ်စဉ်က မိဘများ ကွယ်လွန်သွားစဉ်တွင် ဆွေမျိုးများက သူ့ကိုပုတ်ထုတ်နေကြသည်။ နောက်ဆုံးတွင်တော့ သူ့ကို ရှန်မင်းရယ်၏ မိသားစုထံသို့ ခေါ်သွားသည်။ ဖုန်းဖေ့မင်သည် သူအရွယ်ရောက်စဉ်ကပင် ကိုယ်ပိုင်လုပ်ငန်း စထောင်ခဲ့သည်။ သူပက်တာဆန်မိသားစုကို တာဝန်ခံရသည်နှင့် ကပျာကယာမဖြစ်ဘဲ စီးပွားရေးအား အစီအစဉ်တကျ စီမံနိုင်ခဲ့သည်။

ဖုန်းဖေ့မင်သည် ဤကမ္ဘာ၏ ဇာတ်လိုက်ပင်။ သူပက်တာဆန်မိသားစုကို တာဝန်ယူပြီးသည်နှင့် လုံးဝတောက်ပြောင်သွားကာ ယခင်ကသူ့အား လျစ်လျုရှုခဲ့သူ ဆွေမျိုးများ၏မျက်နှာများကို ဖြတ်ရိုက်နိုင်ခဲ့သည်။ Eတိုင်းပြည်တွင် သက်တမ်းအရှည်ဆုံးနှင့် အခြေအခိုင်ဆုံး သမိုင်းဝင်မိသားစုမှ ခေါင်းဆောင် ယိုဒါအယ်မွန်၏ အာရုံကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

သန်မာခြင်းနှင့် အင်အားကြီးခြင်းတို့ တစ်ယောက်နှင့်တစ်ယောက် ဆွဲဆောင်မှုရှိစွာဖြင့် ထိပ်တိုက်တွေ့ကြကာ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ခဲ့သည်။

ထိုအဖြစ်မှာ ရှန်မင်းရယ်နှင့် ဘာမှမဆိုင်ဟုပြော၍ရသည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင် ပြဇာတ်များသာရှိပြီး ဖုန်းဖေ့မင်ထံမှ အာဏာကိုလုယူရန် ခွန်အားရော၊ အကြံရော မရှိပေ။ ဖုန်းဖေ့မင်က မိသားစုဆက်ခံသူနေရာကို ယူသွားသော်လည်း သူ့ကိုထောက်ပံ့ပေးသေးသည်။ အနုပညာအိပ်မက်များသာရှိသော ရှန်မင်းရယ်က ဖုန်းဖေ့မင်၏ လမ်းကြောင်းသို့ ဘာမှဝင်မရှုပ်ပေ။

သို့သော်မိုက်မဲသောအမှားတစ်ခုမှာ သူ့မိဘများအသက်ရှင်စဉ်က ပက်တာဆန်မိသားစုနှင့် အယ်မွန်မိသားစုတို့ လက်ထပ်ခြင်းနည်းဖြင့် ပက်သက်ရန် ဆုံးဖြတ်ထားကြခြင်းပင်။ ယောက်ျားနှစ်ယောက်ကြားမှ လက်ထပ်မှုက တရားဝင်ပြီး မျိုးဆက်ကိုပင် နည်းပညာဖြင့် အောင်မြင်စွာမွေးနိုင်သောခေတ်တွင် ရှန်မင်းရယ်နှင့် ယိုဒါအကြား လက်ထပ်ရန်သဘောတူညီမှု တစ်ခုရှိလာသည်။

အရင်က ရှန်မင်းရယ်သည် ဖုန်းဖေ့မင်ကို အစ်ကိုကြီးကဲ့သို့ မှတ်ယူထားခဲ့သည်။ သူ့မိဘများ ထိတ်လန့်ဖွယ်ကွယ်လွန်သွားကြပြီးနောက်  ရှန်မင်းရယ်က ထိုအချိန်တွင် မိသားစုဝန်ထုပ်အား မားမားမတ်မတ်ရပ်တည်ကူညီပေးပြီးသူ့ကို အလွန်ဂရုစိုက်ခဲ့သူ ဖုန်းဖေ့မင်အား ချစ်မိသွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now