Dear You,

2.4K 94 18
                                    

(unicode)
မင်္ဂလာပါ။ ibeingme ပါ။ ဘုန်းသွင်နဲ့ ခမ်းနောင်အစား Me. ကပဲ နှုတ်ဆက်လိုက်ပါတယ်နော်။

ပထမဦးဆုံး ပြောချင်တာက မီ့ကို မချစ်ပါနဲ့။ မီက ချစ်ချင်စရာ မကောင်းပါ။ အဲဒီအစား ကိုကိုနဲ့ သူ့ဂွမ်းလုံးလေးကို အများကြီးပိုလို့ ချစ်ပေးကြပါ။

​ဒုတိယကတော့ အရင်က မပြောဖြစ်ခဲ့တဲ့၊ ကျိန်းသေပေါက် ပြောချင်မိခဲ့တဲ့ အကြောင်းတစ်ခု။ submissive2.0 နဲ့ ပတ်သက်ပြီး မီ့အမြင်လေးပေါ့။ author တစ်ယောက်အနေနဲ့ မဟုတ်ဘဲ reader တစ်ယောက်အဖြစ် ခံစားကြည့်တဲ့ မီ့အမြင်။ အရမ်းကြီး straightforward ဖြစ်သွားပေမယ့် သွယ်ဝိုက် မပြောချင်တော့လို့ နားဝင်ခါးစရာ စကားလုံးတွေ ပါလာခဲ့ရင် သည်းခံပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

author တစ်ယောက်အနေနဲ့ကတော့ ရှင်းတယ်။ ဒီ fiction ကို promote လုပ်ပြီးရင်း လုပ်နေမှာပဲ။ ရတနာတစ်ပါးလို တသသနဲ့ ဖူးဖူးမှုတ်ပြီးရင်း မှုတ်နေမှာပဲ။ လောကမှာ ကိုယ့်သားသမီးသာ အချောဆုံး အလှဆုံး အတော်ဆုံးလေ။

ဒါပေမဲ့ reader တစ်ယောက်နေရာက ကြည့်လိုက်ရင်တော့ ဒါက တစ်မျိုးပြောင်းသွားပြီ။ အမှန်အတိုင်း ဝန်ခံရရင် မီ ဒီဟာကို မကြိုက်ပါ။ 'ဒီဟာ' ဆိုတာထက် ဒီ storyline ကို မနှစ်မြို့တာပါ။ ဇာတ်ကွက်အပြောင်းအလဲက နှေးတဲ့နေရာနှေး၊ မြန်တဲ့နေရာမြန်။ plot က twist ထားပေမယ့် သေချာကြည့်ရင် ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ စကားလုံး ၃လုံးနဲ့ တင်စားရမယ်ဆို ဒါဟာ ရေကျဲကြီး။

တကယ်တော့ ဒီ story ကြီးတစ်ခုလုံးက Part 01 မှာတည်းက tone မြင့်နေပြီ။ အဲ့အောက် ထပ်ချပစ်လို့ မရဘူး။ အဲ့တော့ အပိုင်းများလာတာနဲ့အမျှ tone က တက်ပြီးရင်းတက်ပဲ။ တစ်ချိန်ချိန်မှာတော့ peak ရောက်သွားလိမ့်မယ်။ အဲဒီအထိက အိုကေနေသေးတယ် ထား။

ပြဿနာက ပြန်ဆင်းတဲ့အချိန်မှာ။ အရင်က တဒိုင်းဒိုင်းတင်ထားသမျှ tone တွေက ဘယ်လိုမှကို ပြန်ချလို့မရတော့တာဘဲ။ ပြန်ဆင်းတဲ့ slope က ပြေပြေလေးမသွားဘူး။ အဲဒီအချိန်တုန်းက ရေးတဲ့သူက လူသစ်မို့လို့ ဘုန်းဒိုင်းဆိုပြီး ထိုးဆင်းရော။

ဖြစ်ချင်တော့ အဲဒီရေးတဲ့လူရဲ့ ပင်ကိုရေးဟန်က ခပ်ကြောင်ကြောင်။ သက်မဲ့တွေကို အငှားသုံးတယ်။ အကောင်ငယ်တွေနဲ့ မိတ်ဖွဲ့တယ်။ ပန်းပင်တွေနဲ့ စကားပြောတယ်။ ဇာတ်ကောင်ကို main တွေအပြင် တခြားမလိုအပ်ဘဲ အပိုတွေသိပ်မထည့်ဘူး။ ထည့်ရမယ်ဆိုရင်တောင် နာမည်သီးသန့်မပေးဘူး။ တခြားကြောင့်မဟုတ်၊ ရေးတဲ့လူကိုယ်တိုင်က လူနာမည်တွေ မမှတ်မိလို့။

Submissive 2.0 (completed)Where stories live. Discover now