Part 37

2.5K 142 4
                                    

(unicode)
နေလုံးကြီးသည် တပြုံးပြုံး။ လေရူးတွေသည် တဝုန်းဝုန်း။

မွန်းတည့်နေ၏ အပူဒဏ်ကို ငှက်ကလေးများ ကြောက်ကြသည်ထင်။ အသိုက်ငယ်လေးများထဲတွင် အကျအန ခိုအောင်းရင်း အနီးအနားရှိ ရွက်စိမ်းပေါက်စလေးများဖြင့် ယပ်ခတ်နေကြလေရဲ့။ ဤတွင် အလှကြိုက်သည့် ငှက်ပျိုမလေးက အချိန်ရှိခိုက် လုံ့လစိုက်စွာဖြင့် ဘယ်ကရလာမှန်းမသိသည့် Make-up Tutorial တစ်ခုကို အားရပါးရကြည့်ကာ အလှပြင်ပစ္စည်းများဖြင့် မှန်ရှေ့တွင် အလုပ်များလို့နေ၏။

"အား"

ဘုရားကြီးငုတ်တုတ်။ ကျယ်လောင်လှသည့် ထိုအော်သံကြီးကြောင့် နှုတ်ခမ်းနီရဲရဲအား ဂရုတစိုက် ဆိုးနေရရှာသည့် ငှက်ပျိုမလေးမှာ သူ့လက်ထဲရှိ အသစ်စက်စက် နှုတ်ခမ်းနီတောင့်လေးပင် လွှတ်ကျသွားရသည်။ ဒါ ဘယ်က အော်သံကြီးပါလိမ့်။ ကျသွားသည့် နှုတ်ခမ်းနီတောင့် အသစ်လေးကို ပြန်ကောက်၊ အဖုံးလေးကိုစွတ်ရင်း ငှက်ပျိုမလေးတစ်ယောက် ဟိုဟိုဒီဒီကို စူးစမ်းကြည့်မိတော့၊ အို၊ ဘုရားရေ။ ပါးနီမလိမ်းရသေးဘဲ သူ့ပါးတွေ အလိုလို နီတက်လာပါ့လား။

"အား၊ အား"

ထပ်ဆင့်ထွက်ချလာသည့် အော်သံနက်နက်ကြောင့် စူးစမ်းနေသည့် ငှက်ပျိုမလေးခင်ဗျာ ဆက်လက်မစူးစမ်းနိုင်တော့။ တစ်စုံတစ်ရာကို ရေရွတ်ရင်း သူ့အိမ်ဘက်သို့ တစ်ချိုးတည်း လှည့်ပြေးရတော့သည်။ ဘာတဲ့။ နေ့ခင်းကြောင်တောင်ကြီးကိုမှ မရှောင်။ အိုက်ယားတွေ လုပ်နေတယ်ဆိုလားပဲ။

"ကိုကို"

ယခုအခေါက်တွင်တော့ စူးစူးဝါးဝါးအော်သံသည် ကျယ်သထက် ကျယ်လို့လာသည်။ မီးကုန်ယမ်းကုန် အော်ဟစ်နေပုံထောက် ထိုလူသားလေးမှာ ကြီးစွာသည့် နာကျင်မှုကို ခံစားနေရပုံပေါ်သည်။ ထိုအသံပိုင်ရှင်မှာလည်း တခြားမဟုတ်။ ခမ်းနောင်ဆိုသည့် သခင်ကြီးဘုန်းသွင်၏ ကိုယ်ပိုင်လူသားလေးသာဖြစ်၏။

"တော်ပြီ။ မလုပ်တော့ဘူး"

"ဟ၊ ရပ်လိုက်လို့ ဘယ်ဖြစ်မလဲ"

ကြည့်ရတာ အခန်းထဲတွင် လေပြင်းမုန်တိုင်း တိုက်ခတ်နေပုံရသည်။ အိပ်ရာပေါ်ရှိ ကလေးငယ်လေး၏ နာနာကျင်ကျင် ငြင်းဆန်မှုနောက်တွင် မျက်မှောင်ကြုတ်ထားသည့် သခင့်ဆီမှ မာန်မဲသံကြီးက ဟိန်းခနဲ ထွက်လို့လာ၏။

Submissive 2.0 (completed)Where stories live. Discover now