Part 48

2.3K 133 0
                                    

(unicode)
ကုတင်ပေါ်တွင် အိပ်ပျော်နေရှာသော ကလေးငယ်။ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားများ ရှိနေသေးသော်လည်း သခင့်အုပ်ထိန်းမှုအောက်တွင် နွေးနွေးထွေးထွေး နေလာရသော ကိုယ်ကလေးက အေးစိမ့်စိမ့် လေထုကို ခံနိုင်ရည်ရှိသည့် ပုံမပေါ်။ မေ့ဆေးကလည်း တဖြေးဖြေးချင်း အရှိန်ပြယ်လာရာ ကြွက်သားများကို လှုပ်ရှားနိုင်ခြင်း မရှိသေးသော်လည်း အာရုံခံစားမှုအချို့ကိုမူ ပြန်လည်ရရှိလာပြီးဖြစ်၏။

ထိုအချိန်တွင် ဖြေးညင်စွာ ထွက်ပေါ်လာသော ရှူးဖိနပ်သံသည် နားထဲသို့ တိုးဝင်လာ၏။ သို့ရာတွင် သခင့်ခြေသံမဟုတ်ပေ။ ကလေးငယ်လေး အလွတ်ရနေပြီဖြစ်သော သခင့်ခြေလှမ်းများက အများမတူ။ လွန်စွာ တိကျသည်။ ပြတ်လည်း ပြတ်သားသည်။

ဤတွင် သူစိမ်းလူသားတစ်ယောက်နှင့် တစ်ခန်းတည်းအတူရှိနေသည် ဆိုသောအသိက သတိမလည်သေးသော ကလေးငယ်ကို အပြည့်အဝ လှုံဆော်ပေးလိုက်သည်ထင်။ တစ်ကိုယ်လုံးရှိ အာရုံကြောများ ပြန်လည်နိုးကြားလာသည်နှင့် ပထမဦးဆုံး တမ်းတမိသည်က "ကိုကို" ဟူ၍ပင်။

အစိမ်းသက်သက်ဖြစ်နေသော ပတ်ဝန်းကျင်ကြောင့် တုန်လှုပ်သွားရှာသော ကလေးငယ်မှာ ထုံကျဉ်နေသော ခန္ဓာကိုယ်ကို လျစ်လျူပြုရင်း ချက်ချင်းဆိုသလို ထထိုင်ပစ်သည်။ အခန်းဝရှိ လူစိမ်းတစ်ဦးကို မြင်လေတော့ ပါးနပ်သော ကလေးငယ်သည် ထိတ်လန့်နေသည့် အမူအရာမျိုးကို မပြမိစေရန် စိတ်ကိုမနည်းပြန်ထိန်း၏။ အကြောက်လွန်သောသူကို အတင်းဖြဲချောက်တတ်သည်က ပြင်မရသော လူ့သဘာဝ မဟုတ်လား။

"နိုးလာတာ မြန်သားပဲ။ ကြာကြာ ခံနိုင်ရည်ရှိလောက်တယ်။ မဆိုးဘူး"

ကုတင်ပေါ်တွင် ကျောက်ရုပ်လေးလို ထိုင်နေသည့် ကလေးငယ်ကို ခေါင်းစခြေဆုံးကြည့်ကာ မှတ်ချက်များပေးနေသော ထိုလူစိမ်း။ အပေါ်ပိုင်းဗလာကျင်း ဖြစ်နေသဖြင့် တောင့်တင်းလှသော ကြွက်သားအစုံက အပြိုင်းပြိုင်းထလို့။ အောက်ပိုင်းတွင်မူ အမည်းရောင်ဘောင်းဘီကို ကျကျနန ဝတ်ဆင်ထား၏။

"မင်းက သိပ်လှတာပဲ။ အရမ်းလည်း လိမ္မာတယ်တဲ့။ ဟုတ်လား"

ပြောရင်းဆိုရင်းနှင့် ပါးပြင်နုနုလေးသို့ ဦးတည်လာသော လက်ညှိုးတစ်ချောင်း။ သခင့်အထိအတွေ့မှလွဲ၍ ဘာဆိုဘာမှ မနှစ်မြို့တတ်သော ခန္ဓာကိုယ်က ဦးနှောက်ဆီမှ စေခိုင်းမှုကို ကြီးကြီးကျယ်ကျယ် မယူလိုက်ရ။ လက်ညှိုးက ပါးပြင်ပေါ် ရောက်မလာမီ မျက်နှာလေးမှာ အနောက်သို့ ဆုတ်မိလျက်သားပင်။ ထိုအခါ ကလေးငယ်လေး၏ အပြုအမူကို ထိုလူစိမ်းက သဘောမကျသည်ထင်။ မျက်မှောင်ကြုတ်လျက် ကုတင်ပေါ်သို့ ဒုန်းဆိုင်းတက်ထိုင်၏။

Submissive 2.0 (completed)Where stories live. Discover now