Extra

3.7K 163 3
                                    

(unicode)
ကြောင်စာထုပ်လေး လက်ဝယ်ပိုက်လျက် စူစူအောင့်အောင့် ထွက်လာသည့် ကလေးငယ်။ ခေါင်းပေါ်ရှိ ဆံပင်များကလည်း ဟိုထောင်ဒီထောင်။ မျက်လုံးကလည်း ပိတ်တစ်ဖက်၊ ပွင့်တစ်ဖက်နှင့် အိပ်ချင်မူးတူး။ ပါးစပ်ကလည်း အငြိမ်နေပုံမရ။ မနေ့ညက သူ့ကိုကို လက်ချက်ကြောင့် ပေါက်ပြဲသွားရသော အောက်နှုတ်ခမ်းလေးကို လျစ်လျူရှုရင်း ပွစိပွစိ ရေရွတ်နေသေး၏။ မနက်စောစောစီးစီး ကလေးငယ်လေး ဘာတွေများဖြစ်လာလို့ပါလိမ့်။

ခြံအပြင်ရှိ မီးညှောင်လေးမှာတော့ ညအိပ်ဝတ်စုံနှင့် ဖရိုဖရဲဖြစ်နေသော ခမ်းဂွက်ထော်လေးကို စိတ်မဝင်စား။ အပြာရောင် မျက်လုံးဝိုင်းဝိုင်းကြီးများက လက်သေးသေးလေးထဲရှိ ကြောင်စာထုပ်ဆီ ဆင်းသက်လို့။ ခြေလှမ်းပိစိလေးများဖြင့်သာ ရွေ့လျားနေသော ကလေးငယ်ကိုကြည့်၍ မီးညှောင်လေး ဆွေ့ဆွေ့ခုန်ချေပြီ။ ဘာဆေးတွေများစားလို့ ဒီလောက်တောင် နှေးကွေးနေရပါလိမ့်။ ဒီကိုသာ မြန်မြန်ကြွခဲ့ပါတော့ ကျေးဇူးရှင်ရေ။ မီးညှောင်လေး ဗိုက်ထဲက ဂွီလို့ မြည်နေပြီဟဲ့။

"ညှောင် ညှောင်"

ကြောင်စာထုပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း မီးညှောင်လေးရှေ့ တောင့်တောင့်ကြီး သွားရပ်သော ကလေးငယ်။ ပုပုလုံးလုံး မီးညှောင်လေးကိုမှ မညှာမတာ။ နဂါးမျက်စောင်းဖြင့် ခပ်စူးစူးစိုက်ကြည့်ပြီး အထုပ်ထဲမှ ကြောင်စာလေးကို အောက်သို့ချမပေးဘဲ ပေတေပြီး ရပ်နေ၏။

"ညှောင်ညှောင်၊ ညှောင်ညှောင်"

"ညှောင်မနေနဲ့။ ကိုကို မရှိဘူး!"

ဝက်ရုပ်လေးများ ဟိုတစ်ကွက် ဒီတစ်ကွက် အလှဆင်ထားသော ပန်းနုရောင် ညဝတ်အင်္ကျီပွပွကြီးနှင့် ခါးနှစ်ဖက်ကိုထောက်လျက် ဘလိုင်းကြီး ရန်လာစသော ဂွက်ထော်လေးကိုကြည့်ကာ မီးညှောင်လေးမှာ ဆွံ့လို့အလို့။ မျက်တောင်လေးပင် ပုတ်ခတ်ပုတ်ခတ်။ သို့သော် မီးညှောင်တို့က အနိုင်မခံ အရှုံးမပေး။ စိန်ခေါ်လျှင် တိမ်ပေါ်ထိလိုက်မည့် အမျိုး။

"ညှောင် ညှောင် ညှောင့်"

"တယ်၊ ငါလုပ်လိုက်ရ၊ အဟမ်း"

Submissive 2.0 (completed)Where stories live. Discover now