Final

3.8K 156 1
                                    

(unicode)
ဆိတ်ငြိမ်နေသော ပတ်ဝန်းကျင်နှင့် မလိုက်ဖက်စွာ။ ထွက်ပေါ်လာသော သေနတ်သံက အတိုင်းမရှိ ကျယ်လောင်လွန်းလှ၏။

"ကိုကိုက ကျွန်တော့်ကို ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး"

ကလေးငယ်လေး ပစ်ခွင်းလိုက်သော ကျည်ဆန်တစ်တောင့်သည် ရပ်နေသော အမျိုးသမီး၏ ခြေထောက်တွင် ထိုးစိုက်လို့။ လဲကျနေသော အမျိုးသမီးကို ကြည့်၍ ဂယောင်ချောက်ချားနှင့် သွေးရူးတန်ရူးဖြစ်နေရှာသော ကလေးငယ်။ လက်ထဲရှိ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သခင့်ဆီသို့ အပြေးကလေးသွားမိ၏။

ဤတွင် ကိစ္စတိုင်းကို တည်ငြိမ်စွာ ကိုင်တွယ်တတ်သော သခင်သည် သူ့ဂွမ်းလုံးလေးဆီမှ မထင်မှတ်ထားသော အပြုအမူများကြောင့် အသက်ရှူတစ်ချက်မှားရုံမှအပ အခြားတုန်လှုပ်ခြင်း ကြီးကြီးကျယ်ကျယ် မရှိ။ သူ့ရင်ခွင်ထဲသို့ တိုးဝင်ချလာသော ကလေးငယ်ကို အကြင်နာဖြင့် တစ်ချက်ထွေးပွေ့ပြီး ချက်ချင်းပင် သူ့အနောက်သို့ အတင်းပို့ပစ်၏။ ကလေးငယ်လေးရှေ့တွင် မားမားမတ်မတ်ရပ်နေသော သခင်သည် ဒိုင်းတစ်ခုနှယ်။

သခင့်အင်္ကျီစကို လက်သေးသေးကလေးများနှင့် အားကိုးတကြီး ဆုပ်ကိုင်လျက် နောက်ကျောတွင် ခိုလှုံနေရသော ကလေးငယ်မှာ လုံခြုံလှပြီ။ ခေါင်မိုးထပ်ဆီသို့ အမည်းရောင်ဝတ်လူတစ်ချို့ တက်လာသည်ကိုပင် မတုန်လှုပ်သွား။ နောင်ဖြစ်လာမည့် ကိစ္စတိုင်းကို သခင်က ဖြေရှင်းပေးလိမ့်မည်။ သခင်သာ အနားတွင်ရှိလျှင် ကလေးငယ်၏ အရာရာက ပြည့်စုံနေပြီး ဖြစ်၏။

"မလှုပ်နဲ့။ ဘယ်သူမှ မလှုပ်နဲ့။ တစ်ချက်လေးလှုပ်တာနဲ့ အကုန်သတ်ပစ်မှာ"

သွေးအေးစွာ ဆိုလာသော သခင်က ပြောသည့်အတိုင်း တကယ်လည်း လုပ်တော့မည်ပုံ။ ထိုစဉ် ဆူညံလှသော စက်သံကြောင့် ကလေးငယ် ဘေးဘီကို ဝေ့ဝဲကြည့်မိတော့ အဆောက်အဦးကို အပြည့်အဝ ဝန်းရံထားသည့် ရဟတ်ယာဉ်သုံးစီး။ ကိစ္စတိုင်းကို စေ့စေ့စပ်စပ်လုပ်တတ်သော သခင်သည် ဖြစ်လာမည့် အခြေအနေတိုင်းအတွက် အကောင်းဆုံးသော ပြင်ဆင်မှုကို သေသေချာချာ အကွက်ချထားသည် ထင်ပါရဲ့။

Submissive 2.0 (completed)Where stories live. Discover now