Part 15

3.6K 215 7
                                    

(unicode)
ဆူရှီစားနေတုန်းတော့ ဝနေမှန်းမသိ။ စာပြီးခဏကြာသည့်အခါမှ တဖြည်းဖြည်းနှင့် ပြည့်တင်းလာသလို။ ကလေးငယ်လည်း တစ်ချက်ပြီးတစ်ချက် ကြာပွတ်ဖြင့် အရိုက်ခံရစဉ်က အသံမထွက်မိအောင် အံကိုတင်းတင်းကြိတ်ထားသော်လည်း အားလုံးပြီးဆုံးသွားသည့်အခါ တင်ပါးထက်ရှိ နာကျင်မှုက မည်သည့်နည်းနှင့်မှ ခံစား၍မရ။ စပ်ဖျင်းဖျင်းနှင့် အသားစိုင်များ ကွဲထွက်တော့မည့် ခံစားချက်ကြီးပင်။

သခင်က ကလေးငယ်ကို မွေ့ယာပေါ်သို့ မှောက်ခုံအနေအထားနှင့် ညင်ညင်သာသာလေး ချပေးလိုက်သော်လည်း နည်းနည်းလေး လှုပ်မိရှားမိရုံနှင့် အောင့်တက်လာသည့် ဒဏ်ရာများကြောင့် ကလေးငယ်သည် နာကျင်စွာ ညည်းညူမိလိုက်၏။

လက်ကောက်ဝတ်နှစ်ဖက်ကို ပူးချီထားသည့် မျက်နှာသုတ်ပဝါကို သခင်က ဖြေမပေးသေး။ သူ မညှာမတာ ရိုက်ထားသည့် သူ့ကလေး၏ တင်ပါးလေးကို လာရောက်ထိပါးနိုင်သော စောင်တွေအား ကန်ချနေခြင်းဖြင့် အလုပ်ရှုပ်နေတော့သည်။

ခေါင်းအုံးတစ်လုံးကို ကလေးငယ်၏ ဦးခေါင်းလေးအောက် ထားစေ၍ နီရဲတွတ်နေသည့် အရှိုးရာများကို လက်ဖြင့် အသာထိမိတော့ ကလေးငယ်သည် အ,ခနဲပင်။ အသားလေးများပင် တုန်တက်သွားသည်အထိ ညည်းညူတော့သည်။

"ဆေးလိမ်းပေးမယ်"

သူမညှာမတာ ရိုက်တုန်းက ရိုက်ပြီး အားလုံးပြီးလျှင် ဂွမ်းလုံးလေးလို ဂရုစိုက်ရှာသည့် သခင့်ကို ကလေးငယ်သည် ဘယ်လိုနည်းနှင့်မှ အပြစ်မမြင်ရက်။ ပိုပိုချစ်မိသေး၏။ သူမလိမ္မာလို့ သူ့ကိုကိုက ဆုံးမတာပင်။

"ကိုကို"

ဘုန်းသွင်သည် အနီးအနားက ဆေးဘူးကို လှမ်းဆွဲနေရင်းမှာပင် အသံလာရာဘက်ကြည့်မိတော့ ပူးအချီခံထားရသည့် လက်ကောက်ဝတ်လေးနှစ်ဖက်ကို ထောင်ပြနေသော ကလေးငယ်။ အို။ သူ့ကလေးလေး၏ တင်ပါးပေါ်မှ သွေးစို့နေသည့် အရှိုးရာများကြောင့် ချည်နှောင်ထားသည့် မျက်နှာသုတ်ပဝါကို မေ့သွားခြင်းဖြစ်သည်။ ပဝါကို ဖြေပေးလိုက်ပြီး ကုတင်နှင့် ဝေးရာသို့ လွှင့်ပစ်မိ၏။

Submissive 2.0 (completed)Where stories live. Discover now