Part 45

2K 130 0
                                    

(unicode)
အသည်းအသန် ငိုယိုပြီးခါမှ မြက်ခင်းစိမ်းတွင် ပျော့ခွေစွာ မေ့မျောနေသည့် ကလေးငယ်။ သူ့ရင်ခွင်ကြီးဆီသို့ ပြိုမလဲလာသည်ကြောင့် အရိုင်းဆန်နေသော သခင်သည် သိပ်တော့သဘောမခွေ့။ သို့သော် မာဆတ်နေပြီး သဲအလိမ့်လိမ့်တက်နေသော မြက်ခင်းပြင်ကြောင့် ဂေါက်တံကောင်ပြီး သောင်းကျန်းနေသော သခင်သည် လက်ထဲရှိ တုတ်တံရှည်ကိုပစ်ချကာ သူ့ဂွမ်းလုံးလေးဆီ အပြေးသွားခဲ့ပါ၏။

"ခမ်း ကလေးလေး"

သူ့ဂွမ်းလုံးလေး နှစ်သက်သည့် ထိုနာမ်စားကို တယုတယ ခေါ်မိသော်လည်း ရင်ခွင်ထဲရှိ ကလေးငယ်က ခါတိုင်းလို ခေါင်းလေးတိုးကာ ချွဲလာဖို့နေနေ "ကိုကို" ဟူသော တီတီတာတာ ပြန်ထူးသံလေးပင် မပေး။ ကြယ်ကလေးလို လင်းလက်လှသော မျက်လုံးဝိုင်းဝိုင်းလေးများကို စုံလုံးမှိတ်ပစ်ကာ ငြိမ်အေးချင်တိုင်း ငြိမ်အေးနေတော့၏။

"ကိုကို့ ဂွမ်းလုံးလေ။ ကိုကိုကို ပြန်ထူးပါဦး"

ယခုချိန်ထိ ခြောက်ကပ်သွားပုံမရသည့် မျက်ရည်စီးကြောင်းများသည် ပါးအိအိလေးတွင် စေးကပ်စွာ တင်ကျန်ရစ်လို့။ ထုံကျဉ်မှု လျစ်လျူပြုရင်း သူ့ကလေးငယ်၏ နာကျင်စဖွယ် မျက်ရည်စလေးများကို တယုတယ သုတ်ပေးနေရှာသော သခင့်လက်ချောင်းများသည် ဂေါက်တံကို အားဖြင့်လွှဲကာ ပွဲကြမ်းခဲ့သော ထိုလက်ချောင်းများ မဟုတ်သည့်နှယ်။

"သခင်လေး။ ခမ်းကို ဘာလုပ်လိုက်လို့လဲ"

မြက်ခင်းပေါ်တွင် ပက်လက်လန်နေသော ဂေါက်တံနှင့် ပန်းအိုးအကွဲစများကို ကြည့်ကာ အံ့ဩတကြီးဆိုလာသော အိမ်တော်အန်းကြောင့် သခင်သည် စုပ်တစ်ချက် သပ်မိလျက်သား။

"ကျစ်။ ကျွန်တော် သူ့ကို ဘာမှမလုပ်ရသေးဘူး။ လက်ဖျားနဲ့တောင် မတို့ရသေးဘူး။ သူ့ဟာသူ အငိုလွန်ပြီး မေ့လဲသွားတာ။ အိမ်တော်ထိန်းအန်းက သူ့ကို အာဟာရရှိတာတွေ မကျွေးဘူးလား။ အရမ်းပျော့ညံ့လွန်းတယ်။ ထစ်ခနဲရှိ ငိုပြီး မေ့လဲပစ်ဖို့"

ဒေါသမီးက သူ့ဆီ မြားဦးလှည့်လာသည်ကြောင့် အိမ်တော်ထန်းအန်းမှာ ပါးစပ်လေးစိလို့။ မပြောလည်း မပြောရဲ။ မပြောဘဲနှင့်လည်း မနေနိုင်။ ပြောကလည်း ပြောချင်နေသောကြောင့် အရဲစွန့်ကာ ပြောချလိုက်သည်။

Submissive 2.0 (completed)Wo Geschichten leben. Entdecke jetzt