Part 43

1.8K 135 0
                                    

(unicode)
ညကြီးမိုးချုပ် လူသွားလူလာ နည်းပါးသော လမ်းမကြီးထက် ခေါင်းလေးငိုက်စိုက်ချလျက် လိုရာခရီးသို့ လျှောက်လှမ်းနေရရှာသော ကလေးငယ်လေးမှာ ခြောက်ခြားဖွယ်ရာ ဤအမှောင်ထုတွင် အထီးကျန်စွာ တစ်ကိုယ်တည်း။ သို့သော် အမှောင်ထဲရှိ ကလေးငယ်သည် အိမ်ပြန်ရောက်လိုဇောနှင့် သုတ်တီးသုတ်ပြာ သွားလာနေခြင်းမဟုတ်။ လိပ်သူငယ်လေးလို နှေးကွေးလှသော ခြေလှမ်းလေးများဖြင့် တရွေ့ရွေ့ သွားလာနေသည်မှာ ဆိတ်ငြိမ်နေသော ထိုအမှောင်ထုနှင့် မိတ်ဆွေများဖွဲ့ထားလေသလားဟုပင် အောက်မေ့ယူရ၏။

စင်စစ်တွင်ကား ထိုသို့မဟုတ်။ ခမ်းဆိုသော ကလေးငယ်လေးက သာမန်ကလေးများကဲ့သို့ အမှောင်ထုကို ကြောက်၏။ သို့သော် မည်းနက်နေသော ထိုအမှောင်ထုထက် သခင်၏ အေးစက်လှသော ဥပေက္ခာကို ပိုကြောက်၏။ အကယ်၍ သခင်သာ အမိန့်ပေးပါက အလင်းရောင်မဲ့သော အလုံးပိတ် အခန်းကျဉ်းလေးထဲတွင် အော်ဟစ်တောင်းပန်ခြင်းမရှိဘဲ နာရီပေါင်းများစွာ ရအောင်နေမည်။ အကယ်၍ သခင်သာ အလိုရှိပါက အမှောင်ထုလွှမ်းခြုံသော လမ်းတစ်သွယ်ကိုလည်း မျက်ရည်တစ်ပေါက် မဖိတ်စေဘဲ ခြေဗလာဖြင့် လျှောက်နိုင်အောင် ကြိုးစားဦးမည် ဖြစ်၏။

"ဟင့်"

ဤတွင် လိမ္မာလွန်းသော ကလေးငယ်သည် သူ့ကိုကို၏ အမိန့်မှန်သမျှကို တသွေမတိမ်း လိုက်နာတတ်သော်လည်း ထိန်းထား၍ မရတော့သော ထိုမျက်ရည်ပူပူတို့က အမှတ်သည်းခြေမရှိသည်ထင်။ 'အပြစ်ပေးနေရင် မျက်ရည်မကျနဲ့' ဆိုသည့် အမိန့်ကို လွန်ဆန်ကာ မျက်အိမ်ဝန်းတို့မှ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလို့လာ၏။

ထိုအခါ ပြောစကားနားမထောင်သော ထိုမျက်ရည်နွေးနွေးတို့ကို ကလေးငယ်လေးက လက်ခုံဖြင့် ကြမ်းတမ်းစွာ သုတ်ပစ်သည်။ ပြီးနောက် 'အပြစ်ပေးနေတုန်း အသံမထွက်နဲ့' ဟူသော အမိန့်တစ်စုံသည်လည်း မှတ်ဉာဏ်ထဲတွင် ပျံ့လွင့်လို့။ တအိအိနှင့် ရှိုက်သံလေးများပင် ထွက်ချင်ချင် ဖြစ်လာသည်ကြောင့် ပန်းနုရောင် နှုတ်ခမ်းနုနုကို သွားချွန်ချွန်တို့ဖြင့် မညှာမတာ ဖိကိုက်ပစ်၏။

Submissive 2.0 (completed)Where stories live. Discover now