Part 39

1.9K 136 0
                                    

(unicode)
အိပ်မက်ထဲတောင် ထည့်မမက်ဖူးသည့် စကားတစ်ခွန်းကို သူ့ဂွမ်းလုံးလေး၏ နှုတ်ဖျားဖူးဖူးမှ ပီပီသသကြီး ကြားလိုက်ရသည်ကြောင့် ဘုန်းသွင်ခင်ဗျာ နားနှစ်ဖက်ပင် အူထွက်သွားသည့်နှယ်။ ပိတ်ထားသည့် အသံချဲ့စက်ရှေ့တည့်တည့် ရပ်နေရာမှ မမျှော်လင့်ဘဲ အသံထွက်လာသည့် ခံစားချက်မျိုးပင်။

"ကိုကို၊ ဖြည်းဖြည်းလျှောက်ပါဦး"

အမည်းရောင် လက်ဆွဲအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဘယ်ညာမကြည့်ဘဲ အရှေ့အရပ်ဆီသို့သာ ခြေလှမ်းကျဲကြီးများဖြင့် ခပ်သုတ်သုတ်လျှောက်လေတော့ အနောက်တွင် ကျစ်ရစ်ခဲ့သော သူ့ကလေးလေးဆီမှ လှမ်းခေါ်သံသည် ခပ်စစ။ သို့သော် မျက်နှာကြီးကို တည်တင်းပစ်ထားသည့် ဘုန်းသွင်မှာ လှည့်ကြည့်ဖို့နေနေ၊ လျှောက်နေသည့် အရှိန်ကိုပင် နည်းနည်းလေးမှ လျှော့မလာ။ ပို၍ မြန်နှုန်း မမြှင့်လိုက်ခြင်းကိုပင် ခမ်းလေးအနေနှင့် ကျေးဇူးတောင်တင်ရဦးမည်တဲ့။

"ကျွန်တော် မောလာပြီ။ စောင့်ပါဦး"

သူ့ကိုကိုက သူဘယ်လောက်အော်အော် ရပ်ပေးခြင်းမရှိ။ အရှေ့သို့သာ ဆက်သွားနေသည်ကြောင့် ခမ်းလေး အကြပ်ရိုက်ကုန်ရ၏။

"ကိုကို၊ ပန်းခြံက ဒီဘက်မှာလေ"

လမ်းမှားသွားမှန်း သိခါမှ သူမဟုတ်သည့်အတိုင်း အနောက်ဘက်သို့ ခပ်တည်တည်ပြန်လှည့်လာသည့် ဘုန်းသွင်။ သူ့ကို ကြောင်တောင်တောင်လေး ကြည့်နေရှာသော သူ့ကလေးလေးကို မဆီမဆိုင် မျက်မှောင်ကြုတ်ပြသည်။ "မင်းတော်တော် စကားများပါလား" ဆိုသည့် အဓိပ္ပာယ်မျိုး။ ဤတွင် သူနှင့် အချိန်တိုင်းလိုလို အတူရှိနေသော သူ့ဂွမ်းလုံးလေးက သူ့ကိုကို၏ ဆိုလိုရင်းကို သဘောပေါက်သည်ထင်။ ဇက်ကလေးကို ပုဝင်သွားလို့ နှုတ်ခမ်းနုနုဟာလည်း မသိမသာလေး စူထွက်လာလေရဲ့။

ဘုန်းသွင်မှာတော့ ပန်းခြံရောက်သည်အထိ စကားတစ်ခွန်းမှမဆို။ သွားစရာရှိတာသွား၊ လျှောက်စရာရှိတာလျှောက်နေရင်း နှုတ်ခမ်းစူနေသည့် သူ့ကလေးလေးကိုတော့ မသိမသာလေး ခိုးခိုးကြည့်ရ၏။ မတော်တဆ သူ့ဂွမ်းလုံးလေး ခလုတ်လဲနေရင် အမြန်လှမ်းဆွဲလိုက်ရအောင်လို့တဲ့။

Submissive 2.0 (completed)Where stories live. Discover now