Part 14*

5K 240 2
                                    

(unicode)
"တစ်မိနစ် အချိန်ပေးမယ်။ တစ်မိနစ်အတွင်းမှာ ငါကျေနပ်အောင် ရှင်း"

တစ်မိနစ် ဆိုသည်မှာ ၆၀စက္ကန့်။ ခဏလေးမှ တကယ့် ခဏလေးပင်။ ဤမျှတိုတောင်းသည့်အချိန်လေးအတွင်း သူကိုယ်တိုင်ပင် မသိခဲ့သည့် ပြဿနာတစ်ခုကို ဖြေရှင်းရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သည့်ကိစ္စတစ်ခု မဟုတ်လား။

ကလေးငယ်သည် အရည်လဲ့သည့်မျက်ဝန်းများဖြင့် သခင်ကို မော့ကြည့်မိတော့ သူတစ်ခါမှ မမြင်ဖူးသည့် မျက်ဝန်းနက်နက်တို့ကို ရင်ဆိုင်လိုက်ရသည်။ ထိုအခါ တုန်ယင်နေသည့် ပါးစပ်ဖျားမှ စကားသံများသည် လည်ချောင်းဝတွင် ပျောက်ဆုံးလို့။ သူ့မျက်စိရှေ့က သခင်သည် သူသိခဲ့ဖူးသော သခင် မဟုတ်ပေ။

"ကျွန်တော် ဘာမှမသိပါဘူး။ တကယ်ပါ ကိုကိုရယ်"

သခင်သည် ဘာမှမပြော။ သူ့ရှေ့တွင် ဒူးထောက်နေသည့် ကလေးငယ်ကို မျက်နှာစိမ်းကြီးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လို့။ မပေါက်ကွဲတာ ကြာပြီဖြစ်သည့် ဒေါသမီးတို့က စက္ကန့်ပိုင်းအတွင်း ဟုန်းဟုန်းတောက်မည့်အလားပင်။

"ငါ့ အဆိုးမဆိုနဲ့ ခမ်းနောင်"

တစ်မိနစ်ဆိုသည့် အချိန်အတိုင်းအတာလေးက ပြည့်သွားပြီထင်။ တည်ငြိမ်နေသည့်လေထုက ရုတ်ချည်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်ကုန်လို့။ ကလေးငယ်၏ မျက်ဝန်းတို့မှ ပုလဲရည်ဥလေးများဟာလည်း အဆက်မပြတ်။ အရှေ့သို့ တစ်လှမ်းချင်း တိုးလာသည့်သခင်ကြောင့် ကလေးငယ်မှာ မမျှော်လင့်ဘဲ အနောက်သို့ အကြောက်ကန်ဆုတ်မိရဲ့သား။

"ကျွန်တော် မလိမ်ရပါဘူး ကိုကို"

တုန်ယင်နေသည့်အသံလေးဖြင့် ကလေးငယ်သည် ထပ်မံတောင်းပန်မိသည်။ သူ မမှန်းဆနိုင်သည့်နာကျင်မှုတို့က အချိန်တိုအတွင်း ရောက်ရှိလာနိုင်သည်ကို သိရှိပြီးဖြစ်သော်လည်း။

"ငါ မင်းကို စကားပြောခွင့်ပေးလား"

ခက်ထန်သည်ထက် အဆပေါင်းများစွာ ခက်ထန်နေသည့်မာန်မဲသံသည် ရေချိုးခန်းအတွင်း ကျယ်လောင်စွာ ဟိန်းထွက်လာသည်။ ကလေးငယ်လည်း ပါးစပ်ဖျားတင်မဟုတ်၊ ခြေလက်များပါ တုန်ယင်စပြုလာပြီ။

Submissive 2.0 (completed)Where stories live. Discover now