Part 12

3.3K 226 1
                                    

(unicode)
"ဝေ့ ခမ်းနောင်"

ခမ်းသည် စကိတ်ကို အရှိန်လျှော့ကာ အသံလာရာဘက်သို့ လှည့်ကြည့်မိသည်။ လက်ပြနေသော သူငယ်ချင်းလေးကို တွေ့လိုက်တာကြောင့် တစ်ချက်ပြုံးပြကာ ရှေ့ပြန်လှည့်သွားပြီး စကိတ်ဆက်စီးနေတော့သည်။

"ဆရာခမ်း စောင့်ပါဦး"

ကတုံးဆံပင်ပေါက်နှင့် သူငယ်ချင်းမှာ သူ့ကို အဖက်မလုပ်သည့် ခမ်းအနောက်သို့ အပြေးလိုက်ရသည်။ သို့ပေမယ့် စကိတ်ကို ခြေထောက်ဖြင့် အမီလိုက်ရန်မှာ မဖြစ်နိုင်လှ။

"မင်းစာပေးခံရတဲ့ကိစ္စ မင်းကိုကိုဆီ သွားတိုင်မှာနော်"

ထိုအခါမှ ကလေးငယ်၏ စကိတ်လေးသည် တုန့်ခနဲ ရပ်သွားတော့သည်။ မဖြစ်။ ဒီနှစ်ကျောင်းဖွင့်ခါမှ တစ်ခါမှမရဖူးသည့် ရည်းစားစာအကြောင်း သူ့ကိုကို သိသွားလို့မဖြစ်။ နဂိုတည်းက အခြေအနေသည် ကောင်းချင်တာမဟုတ်။ သူကိုယ်တိုင် မဝန်ခံဘဲ သူများတိုင်မှသိလျှင် အပြစ်က အဆပေါင်းများစွာ ပိုကြီးနိုင်သည်။

"ဘာပြောမလို့လဲ"

ခမ်းသည် သူ့သူငယ်ချင်းကို ဂြိုဟ်ကြည့်ကြည့်ပြီး ဘောက်ဆတ်ဆတ်မေးလိုက်သည်။

"လောလိုက်တာ ဆရာခမ်းကလည်း"

ထိုလူသားက အမောဖြေကာ ရယ်ကျဲကျဲပြောသည်။ ဖြစ်နိုင်လျှင် ခမ်းသည် သူ့သူငယ်ချင်းကို လက်ထဲရှိ စကိတ်ဘုတ်နှင့် ပိတ်တီးလိုက်ချင်သည်။

"လောရမယ်။ ကျောင်းတက်တော့မယ်"

ကလေးငယ်က နာရီတကြည့်ကြည့်နှင့် ပြောရှာသည်။

"လောဖို့မလိုပါဘူး။ ဒီနေ့ ကျောင်းတက်မှာမှ မဟုတ်ဘဲ"

"ဘာ"

"ဒီနေ့ ငါတို့အဖွဲ့ ကျောင်းလစ်ကြမယ်။ မင်းကို ဟိုကောင်တွေ စောင့်နေကြပြီ"

ကျောင်းလစ်သည်ဆိုသည်မှာ ခမ်းနောင်တို့ ရာဇဝင်တွင် မရှိ။ လစ်ဖူးသူတွေကတော့ ပျော်ဖို့ကောင်းသည်၊ စိတ်လှုပ်ရှားဖို့ကောင်းသည် ပြောကြတာတော့ ကြားဖူးနားဝရှိသည်။ သို့သော် "မလိုက်တော့ဘူး" ဟုသာ ငြင်းလိုက်ရသည်။ ခမ်းလေးလို ကျောင်းခေါ်ချိန်ပြည့်သည့် ကျောင်းသားအတွက် ကျောင်းတစ်ရက် ပျက်သည်က အကြောင်းမဟုတ်။ ဆရာမကို ခွင့်တိုင်ဖို့လည်း စာဖွဲ့နေစရာမလို။ ဤကား လူငယ်လေးများအတွက် ပိုင်ပြီးသားကိစ္စတစ်ခုပင်။ ကလေးငယ်လေး ကြောက်ရတာ တစ်ခုပဲရှိသည်။ သူ့ကိုကို မိသွားလျှင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည့် ဖြစ်ခြင်းသာ။

Submissive 2.0 (completed)Where stories live. Discover now