Part 47

1.9K 132 0
                                    

(unicode)
မမျှော်လင့်ဘဲ ကြားလိုက်ရသော ထိုအမျိုးသမီး၏ ဖိတ်ခေါ်ချက်အဆုံးတွင် ကလေးငယ်လေး ပထမဦးဆုံး မြင်ယောင်လာမိသည်က ခက်ထန်နေသော သခင့်မျက်နှာထား။ ဒုတိယမြောက်အနေနှင့် ကြားယောင်မိသည်က ဩဇာလွှမ်းသော သခင့်အသံ။

ယုံကြည်မှုဆိုတဲ့ အမျှင်တစ်မျှင် မရှိသရွေ့ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေက အောင်မြင်မှာ မဟုတ်ဘူး။

သူ့ကိုကိုနှင့် စကားများကြပြီး နှုတ်မှ "ကိုကို့ကို မယုံတော့ဘူး" ဟု အလွယ်ကလေး ပြောဆိုမိလိုက်သော်လည်း တကယ့်လက်တွေ့တွင် ကျင့်သုံးရန်က ထင်သလောက် အဆင်မပြေ။ လူမှန်းသိစအရွယ်တည်းက အိပ်လည်းကိုကို၊ စားလည်းကိုကို ဖြစ်ခဲ့သဖြင့် ကလေးငယ်လေးအဖို့ သခင့်ကိုမှ မယုံလျှင် ဤကမ္ဘာတွင် ယုံကြည်စရာ လူမရှိ။

ယုံကြည်မှုဆိုတဲ့ အမျှင်တန်းလေးက တစ်ယောက်သောသူနဲ့ဆို တိခနဲဖြတ်ပစ်ဖို့ မလွယ်ကူသလောက် အပြင်လူတွေနဲ့ကျ ဆောက်တည်ရ အင်မတန် ခက်ခဲသား။

"မေမေ့ကို မယုံဘူးလား"

"မ ယုံ ရဲ ဘူး"

"ဟား"

ကလေးငယ်လေး၏ သစ္စာတရားကြောင့် ထိုအမျိုးသမီးမှာ ခေါင်းတခါခါ။ PlanA ကျရှုံးသွားလေတော့ အသင့်ပြင်ဆင်ထားသော PlanB ကို ထုတ်သုံးရန် အိမ်တော်ထိန်းအန်းကို မျက်စပစ်၍ အချက်ပြ၏။

မကြာလိုက်။ ခရေလို သင်းပျံ့နေသော ရနံ့တစ်ခုက ကလေးငယ်၏ နှာခေါင်းပေါက်နားလေးတွင် စူးရှစွာပျံ့လွင့်လို့။ ဝတ်မှုန်စလေးများသည် ဦးနှောက်ထက်ရှိ အာရုံခံစားမှုများကို ပိတ်ဆို့သည်ကြောင့် နုနယ်လှသော ကလေးငယ်မှာ လောကကြီးနှင့် အဆက်အသွယ် ပြတ်သွားတော့၏။

"ဒီကလေးက အရမ်းခေါင်းမာတာပဲ။ ဘုန်းသွင်ကလွဲရင် ဘယ်သူ့ကိုမှ လူမထင်ဘူး"

အိမ်တော်ထိန်းအန်းလက်ထဲရှိ ပျော့ခွေနေရှာသော ကလေးငယ်ကို မျက်စောင်းထိုး၍ ကြည့်ကာ ပြစ်တင်စကားဆိုလာသော ထိုအမျိုးသမီး။ လျှို့ဝှက်လမ်းကျဉ်းလေးဆီသို့ ခေါ်ဆောင်နေသော တံခါးပေါက်ကို လက်ဗွေဖြင့်ဖွင့်ကာ ဓာတ်လှေကားဆီ ဦးတည်သွား၏။ အိမ်တော်ထိန်းအန်းမှာတော့ အပိုစကားတစ်ခွန်းကိုမှ မဆို။ သတိမေ့မျောနေသော ကလေးငယ် မထိခိုက်ရန်သာ ဂရုစိုက်နေတော့သည်။

Submissive 2.0 (completed)Where stories live. Discover now