Part 13

3.5K 231 0
                                    

(unicode)
ရင်ဘတ်ထဲမှ နှလုံးခုန်နှုန်းက အဆမတန် မြန်ဆန်လာသည်။ ဖြစ်နိုင်လျှင် ခမ်းသည် အခန်းပြင်သာ ထွက်ပြေးလိုက်ချင်သည်။ ဆိုဖာပေါ် ခြေချိတ်ထိုင်နေသည့်သခင်သည် အကြည့်များက ကလေးငယ်ထံ၌ ရှိမနေ။ လက်ထဲရှိ ငါးစောင်ထက်ကျော်သည့်ပန်းနုရောင်စာအိတ်များကိုသာ ထွင်းဖောက်မတတ် ကြည့်နေတော့၏။

ကလေးငယ်သည် ထိုရည်းစားစာများကို ရုတ်တရက် မေ့သွားခြင်းဖြစ်သည်။ သူ့ကိုကိုအနေနှင့် ဒေါသထွက်စရာ ကိစ္စဖြစ်သော်လည်း ကလေးငယ်အနေနှင့် ထိုသို့မဟုတ်ပြန်။ တခြားလူက သဘောကျ၍ စာပေးခြင်းက သူနှင့်မှ မဆိုင်ဘဲနှင့်။ ၁၆နှစ်သား ကလေးငယ်လေးမှာ ကျောင်းတွင် မမရော၊ ညီမလေးများကြား နာမည်ကြီးသင့်သလောက် ကြီးလေသည်တဲ့။ တစ်ခုပဲရှိသည်။ ထိုရည်းစားစာများကို မပစ်ရသေးသည့် တစ်ခုပင်။

"ကိုကို"

ကလေးငယ်သည် သူ့ကိုကို အရှေ့တွင် လက်အနောက်ပစ်ကာ ခေါင်းလေးငုံ့၍ ရပ်နေသည်။ ကလေးငယ်မှာ သူအမှားလုပ်မိတာသေချာမှ ဒူးထောက်တတ်သည်။ မဟုတ်ပါက ငြိမ်ငြိမ်လေးရပ်ကာ သူ့ကိုကို ကျေနပ်သည်အထိ ဖြေရှင်းချက်ပေးတတ်၏။

"သပ်သပ်ရပ်ရပ်လေးနော်"

သခင့်လေသံ အေးအေးလေး။ စာတစ်စောင်ချင်းကို ဖင်ပြန်ခေါင်းပြန် ရှုကာ တည့်တည့်သော်လည်းကောင်း၊ ရွဲ့၍သော်လည်းကောင်း မှတ်ချက်ပေးနေသည်။

"ရေမွှေးနံ့လေးက အခုထိ မပျောက်သေးဘူး"

တည်ငြိမ်လွန်းသည့်စကားသံကြောင့် ကလေးငယ်သည် အသက်ရှူရန်ပင် မေ့လျော့လို့။ မုန်တိုင်းမလာမီ လေငြိမ်တတ်တာ သဘာဝ မဟုတ်လား။

"အခုခေတ်ကလေးတွေက မထင်ရဘူး။ လက်ရေးလေးတွေ လှလာတယ်"

စာအိတ်ပေါ်တွင် ရေးသားထားသည့် 'သို့ ခမ်းနောင်' စသည်ဖြင့် အညွှန်းတပ်ဆင်ထားသည့် စာလုံးလှလှလေးများကို ထိကိုင်ရင်း ဖြည်းဖြည်းချင်း ဆိုနေတော့သည်။

"ကိုကို ကျွန်တော်"

"ငါ့စကားကို ဖြတ်ပြောဖို့ ငါသင်ပေးထားလား"

ကလေးငယ်သည် ရှင်းပြရန်ဝေးစွ။ ပါးစပ်ပင် ဖွင့်မရသည့်အနေအထားတွင် ရှိသည်။ ဒီနေ့တစ်နေ့လုံး ရှင်းပြဖို့နေနေ သခင်ရစ်လာသမျှ ဖြေရှင်းချက်ပေးရတာနှင့် အချိန်ကုန်မည့် ကိန်းပေါ်နေသည်။

Submissive 2.0 (completed)Where stories live. Discover now