Part 16

3.4K 214 6
                                    

(unicode)
အပ်ကျသံပင် မကြားရအောင် ဆိတ်ငြိမ်နေသည့် စံအိမ်ကြီး၏ ဤနံနက်ခင်း။ သူမတူစွာ ချစ်စရာကောင်းလွန်းလှ၏။ ဘုန်းသွင်သည် လူကြီးလူကောင်းပီပီ တည်တည်ငြိမ်ငြိမ် အိပ်စက်နေသလောက် ခမ်းမှာ သူ့ကိုကိုကို ဖက်ခေါင်းအုံးကြီးနှင့် အထင်မှားနေပုံရသည်။ ခြေရော လက်ပါ အသုံးပြု၍ ဖက်ထားလိုက်တာများ ကိုလာဝက်ဝံလေးပင် ခမ်းကို အရှုံးပေးရမည့်ပုံပင်။

ခေါင်းရင်းမှ ထွက်ပေါ်လာသည့် 'တီတီ တီတီ' ဟူသော နှိုးစက်သံကြောင့် အအိပ်မကြီးသည့် ဘုန်းသွင်မှာ အလွယ်တကူ နိုးလာခဲ့သည်။ မျက်လုံးပွင့်ပွင့်ချင်း ဘုန်းသွင်သည် နှိုးစက်ကို အလျင်အမြန် လှမ်း၍ပိတ်လိုက်သည်။ မတော်တဆ သူ့ကလေးလေး နိုးသွားမှဖြင့်။

နှိုးစက်သံလေး ရပ်သွားသည်နှင့် အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ သူ့ရင်ခွင်ထဲရှိ ကလေးငယ်မှာ နိုးရန်ဝေးစွ။ နှိုးစက်သံကိုပင် ကြားလိုက်သည့်ပုံမပေါ်။ တရှူးရှူးနှင့် ပါးစပ်လေးဟကာ အိပ်နေလိုက်တာများ သွားရည်တွေပင်ကျလို့။ ခမ်းညစ်ပတ်လေး။

ဘုန်းသွင်သည် သူ့အင်္ကျီပေါ်ရှိ သွားရည်ကွက် သေးသေးလေးကိုကြည့်ကာ ပြုံးမိပြန်သည်။ သွားရည်တွေ ပေပွနေသည့် ကလေးငယ်၏ ပါးစပ်နားလေးကို လက်ညှိုးဖြင့် အသာသုတ်ပေးပြီး ပွင့်ဟနေသည့် ပါးစပ်လေးကို ခပ်ဖွဖွလေး ပြန်ပိတ်ပေးမည်လုပ်တော့ ကလေးငယ်ဟာ သူ့လက်ညှိုးကို သွားဖြူဖြူလေးများဖြင့် ကိုက်လို့လာလေ၏။ ခမ်းမျောက်ကလေး။ အိပ်မက်ထဲမှာ ငှက်ပျောသီးတွေ ခိုးစားနေလားမသိ။

ခမ်းလေးမှာတော့ ဘုန်းသွင်၏ လက်ညှိုးကို ကိုက်၍ဝသွားသည့်အခါမှ ပါးစပ်လေးဖွင့်လျက် ပြန်လည် စက်တော်ခေါ်လေသည်။ ချစ်စရာကောင်းလှသည့် အပြုအမူလေးကြောင့် ဘုန်းသွင်ခင်ဗျာ အူတွေအသည်းတွေပင်မဟုတ်၊ အဆုတ်တွေ ကျောက်ကပ်တွေ ယားလာပြီဖြစ်သည်။

ထို့ကြောင့် ဖြောင့်ဆင်းနေသည့် နှာတံလေးကို အသာလေးပွတ်ဆွဲရင်း နှာခေါင်းလုံးလုံးလေးမား တစ်ချက်လောက် တို့ထိလိုက်၏။ ခမ်းအိပ်ပုတ်လေး။ အအိပ်ကြီးသူများကို ဘုန်းသွင် သဘောမတွေ့သော်လည်း သူ့ကလေးလေး အိပ်နေသည်ကို မြင်ရပြန်တော့ အပြုံးတစ်ပွင့်ဟာ အလိုအလျောက် ပွင့်လန်းလို့။

Submissive 2.0 (completed)Donde viven las historias. Descúbrelo ahora