တော်တော်ကြီးတဲ့ သတင်းဘဲ

Start from the beginning
                                    

" ယောက်ျား တစ်ယောက်က နင့်ကို အရင် တုန်းက ရှာသေးတယ် မဟုတ်ဘူးလား? ငါထင်တာတော့ သူနင့်ကို ပိုက်ဆံပေးနေတာကို မြင်လိုက် သလိုဘဲ ••• အား! ငါ့ပါးစပ်က အဲ့လိုမျိုး ထွက်မသွားသင့်ဘူး!"

သူမ အဲ့လို ပြောပြီးချိန်မှာဘဲ သူမ မသင့်လျော်တဲ့ စကားမျိုး ပြောလိုက်သလို သူမရဲ့ နှုတ်ခမ်းပေါ်ကို လက်နဲ့တောင် အုပ်လိုက်သေးတယ်

ကျန်တဲ့ လူတွေ အကုန်လုံး အသက်ပြင်းပြင်း ရှူလိုက်ကြတယ် သူမက တကယ့်ကို မယားငယ်ဘဲ!

သူတို့ ရှရှီပေကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ မျက်လုံးထဲက ရွံရှာမှုတွေက များပြားလာတယ်

ရှရှီပေဆီက ရုတ်တရက် တခစ်ခစ် ရယ်သံ ထွက်လာတယ်" အို့~ နင်ပြောချင်တာက ငါ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်ရမယ် ?"

" ငါ သူဘယ်သူဆိုတာ ဘယ်လိုလုပ်သိမှာလဲ••"

"နင်ဘာလို့ မသိရမှာလဲ?" ရှရှီပေ အံဩမှုနဲ့ အတူ စကားဖြတ်ပြောလိုက်တယ် " နင် ငါအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို ရောက်ဖူးနေတာဘဲ နင် ပိုင်ရှင်ကို မြင်ဖူးပါတယ်!"

ကျင်ယာကျန်း မဖြေခင်မှာဘဲ သူမ ဆက်ပြောလိုက်တယ် " နားလည်‌ေပးလို့ ရပါတယ် နင် အရင်တုန်းက ယန်ရွှမ်ကို နင့်ရဲ့ အချစ်တွေ ပြနေတာနဲ့ဘဲ အလုပ်ရှုပ်နေတာဆိုတော့ နင်ဘာမှကို ဂရုပြုမိမှာ မဟုတ်ဘူး အဲ့တာကြောင့် နင်သူ့ကို သတိမပြုမိတာ ဖြစ်လိမ့်မယ်"

ကျင်ယာကျန်း ခနကြောင်သွားတယ် သူမ အချစ်ပြနေတဲ့ အကြောင်းကို ပြန်ရန်မတွေ့ခင်မှာဘဲ ရှရှီပေ တည်ငြိမ်တဲ့ အကြည့်တွေနဲ့ " ဒါပေမယ့် စိတ်ချပါ ငါသူ့ကို ‌မတွေ့တော့ပါဘူး"

"ဘာလို့လဲ?" ကျင်ယာကျန်း မသိလိုက်ခင်မှာဘဲ မေးမိသွားတယ်

" ဘာလို့လဲ ဆိုတော့ သူက အ‌ဖမ်းခံရလို့လေ!"

"ဘာ?!" ကျင်ယာကျန်း ကြက်သေသေသွားတယ် " ဘာကြောင့်လဲ?"

"သူက အသားတွေထဲမှာ ဘိန်းထည့်တာလေ အဲ့တာက တရားမဝင်တဲ့ လုပ်ရပ်ဘဲ! တစ်ယောက်ယောက်က ရဲတိုင်လိုက်လို့ သူ အခု ထောင်နန်းစံနေရပြီ"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now